ကျမ်းသမ္မာမှ ပုရိသ
ကိုယ်တိုင်လည်း စာဖတ်ဝါသနာပါသလို၊
စာဖတ်ရာမှာလည်း နေ့စဉ်ဖြစ်ပေါ်နေတဲ့ ခံစားချက်ကိုမူတည်ပြီး ရွေးဖတ်ဖြစ်ပါတယ်။
အဲ့လိုဖတ်တဲ့အထဲမှာ အဓိကကတော့
အတ္ထုပ္ပတ္တိတွေကပိုများပါတယ်။
အသင်းတော်၊ သာသနာနဲ့ သင်တန်းတွေမှာ
အမျိုးသမီး/အမျိုးသားဆိုတဲ့ လိုအပ်ချက်တွေအရ
၂၀၂၃ ခုနှစ်အလယ်လောက်မှစပြီး အမျိုးသမီးများအကြောင်းကို
အသင်းတော် တနင်္ဂနွေ ညနေပိုင်းမှာ စတင်ခဲ့သည့်နောက်
၂၀၂၄ လက်ရှိမှာတော့ အမျိုးသားများအကြောင်းကို
သားသားရဲ့ကျောင်းကိစ္စကြောင့်
စနေနေ့ညနေပိုင်းမှာ စတင်အသုံးပြုလျက်ရှိပါတယ်။
ကိုယ်တိုင်လေ့လာအတုယူ ဟောပြောရင်း
ထွက်ပေါ်လာတဲ့စာအုပ်ပါပဲ။
အဓိကတော့
အမည်နာမနဲ့အဓိပ္ပါယ်
သမိုင်းနောက်ခံ
ရှောင်ရန်/ဆောင်ရန်တွေကို လက်တွေ့ကျင့်သုံးမိသမျှ
ပြန်လည်ဖေါက်သယ်ချထားဖြစ်ပါတယ်။
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...