ကျွန်ုပ်တို့သည် မြန်မာ့ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများဝိုင်းရံလျက်ရှိသော အခြေအနေများဖြင့် ကြီးပြင်းရှင်သန် လာကြရသူများဖြစ်သည့်အားလျော်စွာ ယုံကြည်သက်ဝင်မှုတွင်လည်း အတူဒွန်တွဲလျက်နေကြရပြန်ပါသည်။ ထိုအထဲတွင် မတူကွဲပြားခြားနားသောအရာများအား အတူတကွနားလည်သိမြင်ခြင်းအားဖြင့်
အတူတကွပူးပေါင်း ဆောင်ရွက်လို့ရသလို ဆောင်ရမည့်အရာနှင့် ရှောင်ရမည့်အရာများကိုလည်း သိမြင်နားလည်ခွင့်ကို ရရှိပါလိမ့်မည်။ ထို့အတူ မယုံကြည်သူများမေးမြန်းလေ့ရှိသော မေးခွန်းများကိုလည်း နှုတ်ကပတ်တော်နှင့်အညီ ရေခံ၊ မြေခံအခြေပြုလျက် ရဲဝံ့စွာဖြင့် ချပြခြင်း၊ သက်သေခံခြင်းမျိုးဖြင့် ဆောင်ရွက်နိုင်ပါလိမ့်မည်။
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...