ဥယျာဉ်မှူးငိုရှိုက်သံ
*****************
စိုက်ပျိုးယုယ
ရေလောင်းပေါင်းသင်
တကယ်အဟုတ်ဖြစ်မြောက်လာဖို့
အချိန်များစွာရင်းခဲ့တယ်
စက်ဝန်းနှင့်အညီ
ကာလအချိန်
တိုတိုထွာထွာလိုအပ်ရာနှင့်
အစွမ်းခွန်အား
မကပ် မခို မတွန့်တိုဘူး
အားကုန်စိုက်ထုတ်ပြုခဲ့တယ်
ဟောခုကြည့်
သီးပွင့်လာပြီ
အဆင်း အချင်းအလှဝေဖြာ
အနီးကပ်ရှုမြင်လိုက်ချိန်မှ
ဗောရှသီးဖြစ်နေပါရော့လားလေ။ ။
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...