ထိုကြောင့်ပုပုရွရွလူမှန်သမျှတို့သည်သူမ“ကယ်နိုင်၊ငါမကယ်နိုင်”တည်းဟူသောအနေအထားတို့
တွင်ဘုရားကိုဖက်စရာမလို၊ကိုယ်ကျင့်တရားကိုအားကိုးစရာအဖြစ်ထားရန်ပြုခြင်းသည်အဘယ်မျှသောရယ်စ
ရာဖြစ်ပါသနည်း။
အောက်ပါနှစ်ချက်သောတရားစကားတို့တွင်အဘယ်မည်သောတရားသဘောသည်ကိုယ်တို့အ
တွက်အားကိုးရာဖြစ်ပါသနည်း။
၁။ ဘုရားမှတပါးအားကိုးရာမရှိ။
၂။ မိမိကိုယ်သာအားကိုးရာ။
လောကတွင် “ဘုရားမှတပါးအားကိုးရာမရှိဟူသောစကားသည်အရာရာတိုင်းအတွက်ရာနှုန်းပြည့်
မှန်ကန်ကာလူနေမှုအဆင့်အတန်းအလွှာအားလုံးအတွက်အကျုံးဝင်သော်လည်း၊မိမိကိုယ်သာအားကိုးရာ
ဟူသောစကားသည်ယခုဘဝအတွက်အကျိုးပြုနိုင်သည်များရှိသလို၊အကျိုးမပြုနိုင်သည်များလည်းရှိပေသည်။
ထိုကြောင့်မိမိကို်ယ်သာအားကိုးရာဟူသောစကားသည်လှေနံဓားထစ်ပုံသေကားချပ်ယူအပ်သောအရာ
မဟုတ်သည်ကိုကြည့်ခြင်းအားဖြင့်အကန့်အသတ်ရှိသည်။
အကြောင်းမှာဤလောကသို့ကျွနု်ပ်တို့စတင်ဝင်ရောက်လာသည်နှင့်မိမိကိုယ်ကိုမိမိအားကိုးခြင်း
အားဖြင့်အစမပြုခဲ့သလို၊ကိုယ်ဒူးကိုယ်ချွန်ဘဝရောက်သည့်အတိုင်အောင်သူတပါးအပေါ်မှာသာမှီခိုမှုပြု
ရစမြဲပင်ဖြစ်သည်။
လောကတွင်ဘုရားရှင်ချမှတ်ထားသောနည်းလမ်းကောင်းများဖြင့်သွားလားလှုပ်ရှား၍စီးပါွးရှာ
နိုင်သည်။အကြောင်းမူကားစိုက်သည့်အတိုင်းရိပ်ရမည်ဆိုသောဘုရားကတိတော်စကားအတိုင်းကောင်း
တာလုပ်ရင်ကောင်းတာရမည်ဆိုသောစကားသည်လောကနိယာမအရဘုရားသခင်ချမှတ်ထားသောလမ်း
စဉ်ဖြစ်သည်။
သို့သော်လည်း“မိမိကိုယ်သာအားကိုးရာ”ဆိုသောစကားဖြင့်တမလွန်နောင်ရေးကိုသတ်မှတ်၍ယူ
လျှင်တက်တက်စင်အောင်လွဲမှားသွားပေမည်။“လူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိသော်လည်း
အဆုံး၌သေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏........ဉာဏ်တိမ်သောသူသည်သူတပါးပြောသမျှကိုယုံတတ်၏။
သတိပညာရှိသောသူမူကားမိမိသွားရာလမ်းကိုစေ့စေ့ကြည့်တတ်၏။ (ဒေသနာ ၁၄း၁၁၊၁၅)
ဘုရားမှတပါးအားကိုးရာမရှိဟူသောစကားသည်ဘုရားကိုမျက်မှောက်ပြုု ခြင်းဖြင့်ယခုဘဝ၊နောင်
ဘဝအတွက်အကွယ်အကာကိုရရှိစေပါသည်။လောကတွင်အအေးချမ်းဆုံး၊အနွေးထွေးဆုံး၊အလုံခြုံ ဆုံးနေရာ
သည်“ဘုရားအရိပ်”ပင်ဖြစ်သည်။
ထိုကြောင့်ကိုးစားမှုနောက်တွင်ကွယ်ကာမှုပါရှိသောကြောင့်“ဘုရားဟူသောကိုးစားသူတို့အား
ကွယ်ကာပေးသောအရှင်”ဖြစ်လေသည်။
“သင်တို့သည်ကျေးဇူးမရှိဘဲငါ့ကိုရှာကြလော့ဟုယာကုပ်အမျိုးအားငါမပြော” “ထမ်းရွက်ရသောဝန်
ကိုထာဝရဘုရား၌ချထားလော့။သင့်ကိုမစတော်မူမည်”(ဟေရှာယ ၄၅း၁၉၊ဆာလံ၅၅း၂၂)စသောကျမ်း
စကားတို့သည်ကိုးစားသူတို့အတွက်ကွယ်ကာမှုကိုပေးကြောင်းကောင်းစွာသိမြင်နိုင်ပါသည်။
ထိုကြောင့်ကိုးစား၍လုံခြုံမှုကိုပေးသောဘုရားသည်လူတိုင်းအတွက်နံပါတ်တစ်နေရာတွင်ထားရ
မည်။“ဘုရားမှတပါးအားကိုးရာမရှိ”ဆိုသောအရာပင်ဖြစ်သည်။“နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်
ကိုရှေ့ဦးစွာရှာကြလော့။နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလတ္တံ”(မဿဲ၊ ၆း၃၃)ဟူ၍မိန့်ဆိုထား
ခြင်းဖြစ်သည်။
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...