ခရစ်ယာန် ယုံကြည်သူများအတွက် စာပေကဏ္ဍသည် အသက်သွေးကြောတမျှ လွန်စွာမှ အရေးကြီးလှကြောင်းကို စာရေးသူ စုစောင်းမိသမျှ ထဲမှ အချို့အား ကောက်နှုတ်ကာ ဖေါ်ပြဝေငှလိုပါသည်။
စာပေမြှင့်တင်အလင်းမြင်။
ဘိုးတော်ဘုရား လက်ထက်၊ ခရစ်သက္ကရာဇ်အားဖြင့် ၁၇၈၂-၁၈၈၉ ခုနှစ်မှာ အမေရိကန်သာသနာပြုဆရာများ မြန်မာပြည်သို့ ရောက်ရှိခဲ့ပါတယ်။ ထိုအထဲတွင် ယနေ့ ကျွနု်ပ်တို့အားလုံးသိကြတဲ့အတိုင်း ဆရာကြီး ယုဒဿန်တို့ဇနီးမောင်နှံတို့လည်း အပါ အဝင်ဖြစ်ပါတယ်။ဆရာကြီးတို့သည် မြန်မာနိုင်ငံ ကို ၁၈၁၃ ခုနှစ်ဇူလိုင်လ ၁၃ ရက်နေ့မှာ ဆိုက်ရောက်ခဲ့ကြပြီးမြန်မာပြည်မှာ အကျွတ်တရား အတွက် သာသာနာ ပြုရေးတွင် "ကာလဒေသ" အလိုက် အထူးသဖြင့်မြန်မာပြည်တွင်း မှီတင်း နေထိုင်ကြသောတိုင်းရင်းသား လူမျိုးများအတွက် အဓိကကျသော"မြန်မာ"စာပေကိုအလေးထား၍ အပါတ်တကုတ်လေ့လာ သင်ယူခဲ့သည်။
ဆရာကြီး ယုဒဿန်မတိုင်မှီ ဖီလစ်ကယ်ရီ(ဝီလျံကယ်ရီ၏သား)သည် မြန်မာကပြား အမျိုးသမီးနှင့် အကြောင်းပါ ရာမှ မြန်မာသဒ္ဒါ၊ မြန်မာအဘိဓါန်ကိုအနည်းငယ် အစပျိုးထားသော်လည်း ဇနီးသည်ဆုံးပါး သွားသည့် နောက် အစပျိုးထားခဲ့သောစာပေလုပ်ငန်း အား ဆရာကြီး ယုဒဿန်လက်သို့ဝကွက်အပ်ခဲ့သည့် နှယ် ဖြစ်ခဲ့လေသည့်အတိုင်းဆရာသည် စွမ်းစွမ်း တမံဖြင့် လုပ်ဆောင်ခဲ့သည်။ဆရာကြီး၏ အဓိကအပြင်းထန် ဆုံး အလိုလားဆုံးသော ဆန္ဒသည် "မြန်မာတွေ အားလုံး သမ္မာတရားကို နားလည်နိုင်ရေးအတွက် မြန်မာလို ရေးသားရန်"ပင်ဖြစ်သည်။
ထို့နောက်သူ၏ဆန္ဒရှိသည့်အရာကို ဘုရားသခင်သည် ဆရမ်းပူးရ်မှ ဆရာဟောက်လာ ချိန်တွင်မြန်မာခဲစာလုံးဖြင့် ၁၈၁၇ မှာ "ကောင်းကင်ဘုံသို့သွားရာလမ်း" စာအုပ်ကို ဦးဆုံးအနေဖြင့် သမိုင်းတွင် စတင်ထုတ်ဝေနိုင်ခြင်း ဖြစ်သည်။ ဦးဆုံးအနေဖြင့် "မြန်မာသင်ပုန်းကြီး ဖတ်စာ"ကိုသန်လျင်ရှိ သာသနာပြုဆရာဖြစ်သူ Father Melchiore Carpari မှ ၁၇၇၆ တွင်ထုတ်ဝေခဲ့သော်လည်း၊ ပြည်တွင်းမှာ ပုံနှိပ်ခြင်း မဟုတ်ဘဲရောမ မြို့၌သာ ပုံနှိပ်ခဲ့သည်။ ပုဂံခေတ်သဒ္ဒါဆရာတွေလို ဆရာကြီးသည်မြန်မာသဒ္ဒါကို နာမ်၊ နာမ်စား၊ ကြိယာ၊ နာမဝိသေသန၊ ကြိယာဝိသေသန၊ အာမေဋိတ်ဆိုပြီး ဝါစင်္ဂကိုခွဲခြားပြီးကောင်းမွန်စွာ အသုံးပြုခဲ့သည်ကိုပြင်သစ်ပညာရှင်များမှ လွန်စွာသဘောကျ၍မြန်မာသဒ္ဒါ အတိုင်းနည်းယူကာ ပြင်သစ်လိုပြန်ဆိုခဲ့ကြပါတယ်။
ပညာမြင့်မှ လူမျိုးတင့်။
တရုပ်စကားပုံအဆိုအရ "တိုင်းနိုင်ငံကိုစိုပြည်စေလိုလျှင်၊ သစ်ပင်စိုက်၍၊ နိုင်ငံကို စည်ကားလိုလျင်လူစိုက်ပြီး၊ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေလိုလျင်စာပေကိုစုဆောင်းလျက် ဖြန့်ဝေပါ" ဟုဆိုစမှတ်ပြုကြပါတယ်။ မြန်မာ စကားပုံအရ "စာအုပ်စာပေလူ့မိတ်ဆွေ" ဟု၄င်း "သဒ္ဒါမတတ်စာမတတ်"ဟု၄င်း ဆိုစမှတ် ရှိလေသည်။"ပညာမတတ်က သူ၏ဝန်ထမ်း"ဖြစ်တတ်သည်ဟုလည်း ဆိုရိုးစကားရှိသည်ကို ကြည့်ခြင်းအားဖြင့်၊ စာပေသည် လူတိုင်းတွင် အရေးပါသည် ဟုဆိုချေက "လောကဧည့်သည်"များဖြစ်သောယုံကြည် သူများအဖို့မူကား မိမိတို့၏ တိုင်းနိုင်ငံမဟုတ် သော အရပ်ဒေသတွင် မိမိ၏ ရပ်တည်ချက်ကိုဂဃနဏ သိရှိခြင်းဖြင့် အရာရာကို ရင်ဆိုင်ဖြေရှင်း နိုင်ပေမည်။
ပညာအကျိုးတရား လွန်ပွားများ။
စာပေအကျိုးဆက်ကိုလည်း အောက်ပါ အတိုင်းအပိုင်းငါးပိုင်းခွဲခြားနိုင်ပါသည်။
၁။ မကြားဖူးသေးသော နည်းဥပဒေသတရားများကို ကြားနာရခြင်း။
၂။ ကြားဖူးပြီးသော တရားဒေသနာများအားအဖန်တလဲလဲ မှတ်မိနေခွင့်ရခြင်း။
၃။ ယုံမှားသံသယ ဝိဝါဒများအား ပယ်သတ်နိုင်စေခြင်း။
၄။ အယူလွဲ ဩဝါဒများအား ရှောင်ရှားလျက်တည်ကြည်စွာ အသက်ရှင်နိုင်ခြင်း။
၅။ ကြည်ညိုသဓ္ဒါစိတ်သာ၍ ပွားများစေခြင်းစသည့်အကျိုးတရားများကို ရရှိစေပါသည်။
ခရစ်ယာန်စာပေ အမျိုးအစား။
၁။ ဧဝံဂေလိစာပေ။
၂။ ဆုတောင်း၊ ဝတ်ပြုခြင်းဆိုင်ရာစာပေ။
၃။ လူမှုရေး၊ အမျိုးသားေးရး၊ အပြည်ပြည်ဆိုင်ရာများကို သမ္မာတရားရှုထောင့်မှ ရေးသားခြင်း။
၄။ သာသနာရေးအတွက် သမ္မာကျမ်းစာကို အနကဖွင့်ဆိုခြင်း၊ သင်ခန်းစာများပြုလုပ်ရေး သားခြင်း။
၅။ သမ္မာကျမ်းစာဆိုင်ရာ ယုံကြည်ချက် ဩဝါဒများစသည်ဖြင့် သတ်မှတ်ပိုင်းခြားပါသည်။
စာပေအမြင်များ။
ဂျော့ချ်ဗွီဝဲလ်၏ အဆိုအရ ခရစ်ယာန်စာပေ၏အကျိုးတရားများကို အောက်ပါအတိုင်း ရေးသားတင်ပြခဲ့ဘူးပါသည်။
၁။သေသပ်စွာပုံနှိပ်လျှင်နိုင်ငံမခြား အသံတိတ်ဖြင့်သွားလာနိုင်သည်။
၂။ သတင်းများအား မရပ်မနားထပ်ခါထပ်ခါ၄။ ဗဟုသုတဖြစ်ဖွယ် သတင်းများကို ဖြန့်ဝေဆင့်ကမ်းနိုင်သည်။
၅။ဝေးလံဒေသများ၌ပင်သာသနာပြုနိုင်သည်။
၆။ စာဖတ်သူအား သတင်းတစ်ပုဒ်ကို ထပ်ခါထပ်ခါ ကြားစေနိုင်သည်။
၇။စာဖတ်သူအားစွဲလမ်းစေသည့်အကြောင်းအရာတစ်ခုအား အကြိမ်ကြိမ် လေ့လာ စေနိုင်သည်။
၈။ စာပေဖြင့် ဆာငတ်နေသူအား နာရီပေါင်းများစွာ(ဝါ) ရက်ပေါင်းများစွာ သမ္မာတရားကိုဝပြောစွာ ကျွေးမွေးနိုင်သည်။
ပါဝင်ကြပါစာပေကဏ္ဍမှာ။
၁။ စာရေးသူ။
စာကောင်းပေကောင်းရလိုလျှင်အခကောင်းကောင်းပေးမှရပါမည်။
သူတစ်ပါး၏စာမူကိုခေါင်းပုံဖြတ်၊အမြတ်ကြီးစားသည်(Shadow)စာရေးသူများကိုရှောင်ရှားသင့်သလိုအခြောင်ရလိုသောစိတ်ဖြင့်လည်းမလုပ်ဆောင်သင့်။
၂။ အယ်ဒီတာ။
အယ်ဒီတာကောင်းပါမှ စာမူကောင်းမည်ဖြစ်သောကြောင့် အယ်ဒီတာအပေါ်တွင်အကြံဉာဏ်ပေးသည်မှအပ စွက်ဖက်ခြင်းများမရှိသင့်ပါ။
၃။ ဆက်ကပ်လုပ်ဆောင်သူ။
စာပေအတွက် ဆုတောင်းခြင်း၊ ငွေကြေးအားဖြင့်ပါဝင်ခြင်း၊ လက်တွဲလုပ်ဆောင်ခြင်းစသော အခန်းကဏ္ဍများအားဖြင့် ပါဝင်လုပ်ဆောင်သူများလည်းရှိပါသည်။ သူတို့၏ အခန်းကဏ္ဍကိုလည်း လျစ်လျှူမရှုသင့်ပေ။
၄။ ထုတ်ဝေသူများ။
ထုတ်ဝေသူများနှင့်လည်း အဆင်ပြေချောမွေ့မှု ရှိရပါမည်။ ထုတ်ဝေသူများကို ပြင်ပတွင်အငှါးဖြင့် စေခိုင်းသကဲ့သို့၊ ခရစ်ယာန်သာသနာတွင်ငွေကြေးအတွက် ထုတ်ဝေသူများမဖြစ်သင့်။
၅။ ဖြန့်ချိသူ။
သာသနာ့ အဖွဲ့အစည်းများက တာဝန်ယူလျက် ဖြန့်ချိမှုပြုသင့်ပါသည်။ တစ်စုံတစ်ယောက်၊ကော်မတီတစ်ရပ်ကိုသာ လက်လွှဲပုံချထားခြင်းမျိုးမပြုသင့်ပါ။ ဖြန့်ချိခြင်းတွင် စာဖတ်သူသည်ခရစ်ယာန် ဖြစ်ကောင်းဖြစ်နိုင် သလို၊ ဖြစ်လည်းဖြစ်နိုင်ပါသည် သို့သော် ထုတ်ဝေသော စာသည်သာသနာပြုရန် အတွက်ဖြစ်သဖြင့် သာသနာ့အဖွဲ့အစည်းများအားလုံးတွင် တာဝန်ရှိပါသည်။အထက်တွင်ဖေါ်ပြခဲ့သည့် စက်ဝိုင်းအတိုင်းလည်ပတ်မှုမရှိ၊ ပြတ်တောက်သွားပါက၊ စာပေသည်ရေရှည်တည်တံ့နိုင် မည်မဟုတ်ပေ။ ထို့ကြောင့်အထက်ပါ စက်ဝိုင်းတွင် "ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ"ဆိုသည့်စကားအတိုင်း မိမိတို့၏ အခန်းကဏ္ဍကိုရှင်းလင်းစွာသိမြင် ပါဝင်ဆက်ကပ် ခြင်းအားဖြင့်သာသနာသည် ဆထက်ထမ်းပိုး တိုးပွားလာပေလိမ့်မည်။
မြတ်သမ္မာဆိုစကား။
"ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံးကြ၏။ သင်သည်ပညာကို ပယ်သောကြောင့်၊ငါ့ယဇ်ပုရောဟိတ်အဖြစ်သို့ မရောက်စေခြင်းငှါသင့်ကိုငါပယ်မည်။သင်၏ဘုရားသခင့် တရားကိုသင် မေ့လျော့သော ကြောင့်၊ သင့်.သားသမီးတို့ကို ငါမေ့လျော့မည်" ( ဟောရှေ၊ ၄း၆)။ကျွနု်ပ်တို့ အားလုံးသိသော ဆောင်ပုဒ်မှာ"လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍သမ္မာတရားကို သိစေခြင်းငှါ ဘုရားသခင်အလိုရှိ၏"(၁ တိ၊ ၂း၄) နှင့်အညီ မိမိအသက်တာ၊ မိမိအသင်းတော်၊ မိမိအဖွဲ့အစည်းတို့သည် "ပညာမြင့်မှလူမျိုးတင့်မည်" ဆိုသော လောကဆိုရိုးစကားကိုမျက်မှောက်ပြုရင်း စာပေသာသနာအားဖြင့်"ဆုံးရှုံးခြင်း" အထဲမှ ကယ်တင်နိုင်ရန် ဆက်ကပ်လုပ်ဆောင်ကြရပေမည်။
ဖေါ်ပြပါ နိယာမ အကြောင်းတရားတို့သည်စာပေ သာသနာကဏ္ဍတွင် အားလုံးကိုယ်စီ ကိုယ်ငှအရေးပါ အရာရောက်ကြသည်ကို မမေ့အပ်။မိမိသည် မည်သည့် ကဏ္ဍတွင် ပါဝင် သည်မဆို"ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ" ဆိုသော စကားအတိုင်း၊ မိမိ၏ ကျရာ အခန်းကဏ္ဍတွင် မြှင့်တင်ခြင်း အားဖြင့် သာသနာ အား စာပေ အားဖြင့်မြှင့်တင်ကြပါစို့ဟု လက်လှမ်းမှီသမျှ စာပေအကျိုးကျေးဇူးများကို ရေးသားရင်း နှိုးဆော်ပါသည်။
စိုးညိုအောင် ( ကံပုလဲ)
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...