“လောကီတခွင် ညာဏ်မထင်က၊ အမှန်ကိုအမှား၊ အမှားကို အမှန်ဓ စသည် ဖြင့် ထင်တတ်မြင်တတ်ကြသည်။
လူသားတိုင်းတို့သည် မိမိတို့၏ ယခုဘဝအတွက် နောင်တမလွန် ဘဝအတွက် သော်လည်းကောင်း “ဘုရား” ကို ကိုးကွယ်၊ ဆည်းကပ်ကြသည်။ အားကိုးမှီခိုရာပြုကြသည်။
ထိုသို့သော ဘဝနှစ်ဖြာအတွက် ကိုးကွယ် အားထားရာတွင် “သဒ္ဓါလွန်တော့၊ တဏှာကျွံ” ဟုဆိုသည့်အတိုင်း မိမိတို့၏ အထွဋ်အထိပ်၊ အထွဋ်အမြတ်ထားရာ ဘုရားအား အကြည်အညို လွန်ကဲ၍ “ဝကွက်အပ်” ရာမှ “စုံလုံးမှိတ်” ယုံကြည်ခြင်းသို့ ရောက်ရသည်။ ထိုသို့သော အခြေအနေသို့ ဆိုက်ရောက်လာသောအခါတွင်၊ ဘာသာရေး သွန်သင်ချက်၊ ဆုံးမဩဝဒများကို ဂဃနဏ မသိတော့ဘဲဖြစ်လာပြီး အဆုံးတွင် “ယုံကြည်မှုအတွက် ဂယက်ရိုက်”မှုကို ကြုံတွေ့ရသည်။
သို့သော် “အမေးရှိက အဖြေရှိ” ဆိုသည့်အတိုင်း ၁ ပေတရုဩဝါဒ ၃း၁၅ ပါ မဖန်ဆင်းခဲ့ပါ “သင်တို့မျှော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူ ရှိသမျတို့အား နှုးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြောခြင်းငှါ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော”ဆိုသော စကားတော်ကို လစ်လျှူရှုရာ ရောက်သွားပြီး၊ မိမိအတွက်လည်း “သဒ္ဓါတရားဖြင့် ယုံကြည်သူဖြစ်သင့်ပါလျှက်၊ ဘာသာတရားယုံကြည်သူ” အဆင့်သာသာရောက်ရသည်။
ဘုရားသခင်၏ ဖန်ဆင်း ခြင်းတွင်၊ သက်ရှိ၊သက်မဲ့ များကို ဖန်ဆင်း ခဲ့သည်ဖြစ်သောကြောင့်။ ဘုရားရှင် ၏ဖန်ဆင်းခြင်းတွင် သက်ရှိ၊ သက်မဲ့ မဟုတ် ဒြပ်မဲ့ဖြစ်သော “အပြစ်” သည် ဖန်ဆင်းခြင်းတွင် မပါဝင်ခဲ့ပါ။
အပြစ်ဟူသည် ပညာတ်ချက် (သို့) ဘုရား စကားကို လွန်ကျူးခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အပြစ်သည် ကျူးလွန်သူ၏ စိတ်တွင်းမှာသာ သန္ဓေတည်၍ ဖြစ်ပွား လာခြင်း ဖြစ်သောကြောင့် ဖန်ဆင်းခြင်းနှင့် အကျုံးမဝင်ပါ။ ထို့ကြောင့် အပြစ်ကို ဘုရားမဖန်ဆင်းခဲ့ပါ၊ နိုင်ငံတော်က ချမှတ်ထားသော ဥပဒေကို စတင် ချိုးဖေါက်လိုက်သည်နှင့် အပြစ်သည် စတင်လာပေမည်။ မကျူးလွန်၊ မချိုးဖေါက် ပါက အပြစ်သည်မရှိ။
ထို့ကြောင့် အပြစ်ကို ဘုရားသခင် ဖန်ဆင်းခြင်းမပြုခဲ့သလို၊ နောင်လည်း သန့်ရှင်းမြင့်မြတ်စုံလင်တော်မူသော ဘုရားသခင်သည် ဖန်ဆင်း တော်မူမည်မဟုတ်။ စိတ်သည် “ဖန်ဆင်းနိုင်သည်” ဟူသော မြန်မာစကားပုံ အတိုင်း အပြစ်တရားကို ဖန်ဆင်းသူသည် အပြစ်ဒုစရိုက်ကို လွန်ကျူးသော လူသားသာလျှင်ဖြစ်သည်။
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...