တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာ အခွင့်ရှိလျှင် သည်းခံ၍ အပြစ်ကိုလွတ်ကြလော့၊ ခရစ်တော်သည် သင်တို့၏ အပြစ်ကိုလွတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့ ( ကောလောသဲ ၃း၁၃ )။
ကျွနု်ပ်တို့လောကတွင် အသက်ရှင်နေထိုင်ခိုက်၊ အသင်းတော်၊ မိသားစု အဖွဲ့အစည်းမှ အစလူလူခြင်း ပေါင်းသင်းဆက်ဆံ၊ ဝိုင်းဝန်းလုပ်ဆောင်ရာတွင် တစ်ဦးနှင့် တစ်ဦး ထိခိုက်မှုမရှိစေရန် လူတိုင်း အင်တိုက်အားတိုက် ကြိုပမ်းလုပ်ဆောင်ကြသော်လည်း လျှာနှင့်သွားပမာ အချင်းချင်းတို့၌ မမှားသောရှေ့နေ မသေသောဆေးသမားမရှိသကဲ့သို့ လူတိုင်းမှားတတ်ကြလေသည်။ သို့သော် ကျွနု်ပ်တို့အသက်တာတွင် ဤကဲ့သို့ ကြုံတွေ့လာရသောအခါ အချင်းချင်း၌ ခွင့်လွတ်တတ်သော စိတ်သဘောထားရှိရန် အထူးလိုအပ်ပေသည် (မဿဲ ၁၈း၂၁-၂၂)။
‘Forgivenes is power ‘ခွင့်လွတ်ခြင်းသည် စွမ်းအားဖြစ်သည်၊ ခွင့်လွတ်တတ်သောစိတ်သည် ဝိညာဉ်ရေးစိတ်သဘောနှင့် အသိဉာဏ်ပါ ကြီးမားသော သူတစ်ဦး၏ လုပ်ရပ်ဖြစ်ပြီး ခွင့်မလွတ်နိုင်ခြင်းသည် စိတ်ဓါတ်အင်အား၊ အသိဉာဏ်အင်းအားနည်းပါးသော သူ၏ ပြယုဒ်တစ်ခု၊ သို့မဟုတ် အလုပ်တစ်ခုဟု သုခမိန်များက ဆိုထားသလို သမ္မာကျမ်းစာနှင့်လည်း ညီညွတ်ပေသည်။
အသက်တာ၌ တစ်ခုခုအဆင်မပြေဖြစ်လာသောအခါ ‘သူ့ကြောင့် ငါ့မှာ သည်လိုဖြစ်ရတယ်’ စသည်ဖြင့် တစ်စုံတစ်ယောက်ကို အပြစ်ပုံချတတ်၊ အကြောင်းပြတတ်ကြသည်။ “ခွင့်လွတ်တယ်ဆိုတာက ကိုယ့်ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်လာတဲ့အခါ၊ လိုချင်တာတွေ၊ ရသင့်တာတွေ မရတဲ့တာကို အကြောင်းပြချက် အနေနဲ့ သူ့ကို အပြစ်တင်နေဘို့ မလိုတော့ဘူး”ဟု အသက်တာမှာ သိနားလည်ပြီး လက်တွေ့လိုက်လျှောက် ကျင့်သုံးခြင်းပင်ဖြစ်သည်။ ကျွနု်ပ်တို့ အသက်တာတွင် ခွင့်မလွတ်နိုင်ဟု သတ်မှတ်သော ပြဿနာကို အမှတ်မထင်တွေ့ကြုံရသောအခါတွင် ခွင့်မလွတ်ခြင်းအားဖြင့် မည်သည့်အကျိုးကျေးဇူးရှိသနည်းဟု? မေးရင်း တဆက်တည်းမှာပင် ကျွနု်ပ်တို့အပေါ် ခရစ်တော်ထားတော်မူသော ခွင့်လွတ်ခြင်းကို သတိရအောက်မေ့ ဆင်ခြင်ကြပါစို့။
၁။ ခရစ်တော်၏ခွင့်လွတ်ခြင်း။
သို့သော်လည်း ထာဝရအသက် အလို့ငှါ ယုံကြည်လတံသော သူတို့ကို လိုက်စရာပုံသက်သေဖြစ်စေခြင်းငှါ အကြီးဆုံးသော အပြစ်ရှိသော ငါ(ငါတို့)၌ ယေရှုခရစ်သည် ခပ်သိမ်းသော ခန္တီတော် (ခွင့်လွတ်ခြင်း) ကိုပြတော်မူမည့်အကြောင်း ငါတို့ကို သနားတော်မူ၏ ( ၁ တိ၊ ၁း၁၆)။
ယုံကြည်သူ ကျွနု်ပ်တို့ လိုက်စရာ ပုံသက်သေကို ခရစ်တော်သည် သူ၏ နှုတ်ကပါတ်တော်၌ မှတ်တမ်းတင်ထားလေသည်။ ကျွနု်ပ်တို့သခင်ခရစ်တော်သည် အပြစ်မလုပ်သည်မှအပ သွေးသားဆိုင်ရာ (Physicial) တွင် ကျွနု်ပ်တို့ကဲ့သို့ပင် ကောင်းစွာ ခံစားရလေသည်။၄င်းတို့မှာ-
(၁) လက်ဖြင့်တို့ထိနိုင်ခြင်း ( ယော၊ ၂၁း၂၇)။
(၂) ဆာလောင်မွတ်သိပ်ခြင်း (မဿဲ ၄း၂၊ ၂၁း၁၈)။
(၃) ရေငတ်ခြင်း (ယော၊ ၁၉း၂၈)။
(၄) မောပန်းခြင်း (ယော၊ ၄း၆)။
(၅) အိပ်စက်ရန်လိုအပ်ခြင်း (မာကု၊ ၄း၃၈၊ မဿဲ ၈း၂၀)။
(၆) ငိုကြွေးခြင်း ( လုကာ၊ ၁၉း၄၁၊ ယော၊ ၁ဝး၂၅)။
စသည်ဖြင့် ကျွနု်ပ်တို့ လူသားများကဲ့သို့သော စိတ်သဘောထားရှိလေသည်။ လူသည် ဇာတိလုံးဝ မရှိပါက ခရစ်တော်သည်
ပုံသက်သေ ကိုပြခဲ့သည်ဟူ၍ ပြောခဲ့မည်မဟုတ်သလို၊ သူကဘုရားပဲဟု ပြောကာ အတုယူစရာလည်းရှိမည်မဟုတ်ပေ။ သို့သော် ဤကဲ့သို့ ဘုရားစင်စစ် ဖြစ်သော်လည်း သူ၏အသွေးအသားများဖြင့် လောကသို့ြွကလာစဉ်ခိုက် ဗြဟ္မစိုရ်တရားလက်ကိုင်ထားကာ အသက်ရှင်ခဲ့ခြင်းမှာသာ၍ပင် အတုယူစရာပေ။ ယေရှုခရစ်၌ ရှိသော စိတ်သဘောကို သင်တို့၌လည်းရှိစေကြလော ( ဖိလိ၊ ၂း၅)။
ရှောလုအပေါ်၌ခွင့်လွတ်မှု။
(တမန်တော် ၉း၁၈၊ ၂၆း၁၂-၁၈)။ ရှောလုခေါ်ရှင်ပေါလုသည် ခရစ်တော်၏ နောက်လိုက် ခရစ်ယာန်များအား ဟန့်တားသူဖြစ်သည်။ ဤကဲ့သို့လုပ်ဆောင် သမျှအားလုံးသည် ခရစ်တော်အား တိုက်ရိုက် တိုက်ခိုက်ဆန့်ကျင်နေခြင်းပင်ဖြစ်သည် (တမန်၊ ၉း၅၊ ၂၂းရ-၈၊ ၂၆း၁၄-၁၅)။ သို့သော် ခရစ်တော်သည် သူ့အား ဆန့်ကျင်သောသူ ရှောလု ( ကျွနု်ပ်တို့အပါအဝင် ) အား ခွင့်လွတ်ခဲ့လေသည်။ ခွင်လွတ်ခဲ့လေသည်သာမက ရှင်ပေါလု၏ အပေါ်၌ ခန္တီတော်ကို ပြကာ ကယ်တင်ခြင်းတည်းဟူသော ထာဝရအသက် သုခနန်းကိုပင် လမ်းဖွင့်ကာ ကယ်တင်ခဲ့လေသည်။ ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ပြတော်မူ၏ ( ရော၊ ၅း၈)။
ယနေ့ခေတ်စကားမှာ “ခရစ်တော်က ဘုရားသားပင်ဖြစ်၍ လုပ်ဆောင်နိုင်တာပေါ့” ဟူ၍ပြောတတ်ကြလေသည်။ ခရစ်တော်အားဖြင့် ငါသည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်သည်ဟူ၍ ရှင်ပေါလု ေြွကးကြော်နိုင်ခဲ့လေသည်မှာကား ( ဖိလိ၊ ၄း၁၃) အဘယ့်ကြောင့်နည်း? ယနေ့မျက်မှောက်ခေတ်တွင် ခရစ်တော်အားဖြင့် ကြွယ်ဝအောင်မြင်ခြင်းဖြစ်သည်ဟု စိတ်နှလုံးပါလျှက် ကြွေးကြော်ကြသကဲ့သို့ ခွင့်လွတ်သော စိတ်သဘောတွင်လည်း ကြွေးကြော်ချင်သော ဆန္ဒနှင့် ကြွေးကြော်နိုင်သောသူဖြစ်ရန် အရေးကြီးလေသည်။
၂။ ယောသက်၏ ခွင့်လွတ်ခြင်း ( ကမ္ဘာဦး ၅ဝး၁၅-၂၁၊ ၄၅း၅)။
ခွင့်လွတ်ခြင်း၏ အဓိပ္ပါယ်မှာ အသက်တာတွင် သူတပါးအား မကြေချမ်း၊ နာကျည်းနေရတာကို ငါလုပ်နေဖို့ မလိုတော့ဘူး။ အဲ့ဒါ ငါ့အသက်တာအတွက် မလိုအပ်တော့ဘူး၊ အသက်တာအတွက် အကျိုးမရှိ၊ အသုံးမတည့်ဘူး ဆိုသည်ကို ရှင်းလင်းစွာ သိမြင်လက်တွေ့လုပ်ဆောင်ခြင်းပင်ဖြစ်သည်။
ယောသက်၏ အသက်တာတွင် သူ၏ ညီအကိုများ၏ အထင်အမြင်လွဲမှားမှု၊ အမြင်မကြည်မှုများကြောင့် မတရားသဖြင့် သွေးသားရင်းပင်ဖြစ်လင့်ကစား လူကုန်ကူး ရောင်းစားခြင်းကို ခံခဲ့ရလေသည် ( ကမ္ဘာဦး၊ ၃ရး၂၈ )။ ထို့ကြောင့် ယောသက်သည် အဲဂုတ္တုပြည်သို့ ကျွန်အဖြစ်ရောက်ရှိသွားခဲ့ရာ ကျွန်များလုပ်ဆောင်ရသော အလုပ်များကို လုပ်ဆောင်ရန်း ထောင်နန်းစံခဲ့ရသည်။ ဤသို့ဖြင့် ဘဝခရီးကို တိုင်းတစ်ပါး၌ အလှည့်အပြောင်း အမျိုးမျိုးဖြင့် ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရလေသည်။ အလွယ်အားဖြင့် ဆိုသော် ယောသက်သည် သူ၏အိပ်မှ ထွက်ခွါရချိန်တွင် ၁၇ နှစ်နှစ်သား အရွယ်ခံစားချက်ပြင်းထန်သလို၊ ထိလွယ်ရှလွယ်သော အရွယ်လည်းဖြစ်သည်။ ဖာရောမင်းထံ၌ နန်းတော်အုပ်ရသောအချိန်တွင် ၃၀ နှစ်အရွယ်ရှိပြီး အကိုများနှင့် ပြန်တွေ့ချိန်တွင်မူကား အသက် ၃၉ နှစ်အရွယ်သို့ ရောက်ရှိနေပြီးဖြစ်သည် ( ကမ္ဘာဦး၊ ၃ရး၁၊ ၄၁း၄၆၊ ၄၅း၆)။
သူသည် အသက်အရွယ်အားဖြင့် ခံစားချက်အတိုင်းလုပ်ဆောင်ပါက သူ၏ အစ်ကိုများသည် လုံးဝလွတ်လမ်းမရှိပေ။ သို့ပါသော်လည်း ယောသပ်သည် စိတ်အလိုအတိုင်း အသက်မရှင်ဘဲ ဝိညာဉ်သဘောဖြင့် အလိုတော်ကို ဝန်ခံနေထိုင်ခဲ့သဖြင့် အစ်ကိုများနှင့် ပြန်လည်တွေ့သောအခါတွင် အစ်ကိုများအား လက်စားချေရန် စိတ်မကူးဘဲနှင့် လွတ်ခြင်းအပြည့်ပေးထားလေသည်။
ယောသပ်၏ အစ်ကိုတို့သည် အဘသေသည်ကို သိမြင်လျှင် ယောသပ်သည် အငြိုးထားကောင်းထားလိမ့်မည်။ ငါတို့သည် အထက်က သူ့ကို ညှင်းဆဲသောကြောင့် ငါတို့ကို ဧကန်အမှန်ပြန်၍ ညှင်းဆဲလိမ့်မည်ဟူ သူတို့သဘောဖြင့် နှိုင်းယှဉ်ကာ စိုးရိမ်လျှက် သူ့( ယောသပ် ) ထံသို့ တမန်စေလွတ်လျှက်…
“ကျွနု်ပ်တို့အပြစ်ကို လွတ်တော်မူပါဟု လျှောက်ကြ၏။ ထိုသို့လျှောက်သောအခါ ယောသပ်သည် မျက်ရည်ကျလေ၏ “( ကမ္ဘာဦး၊ ၅ဝး၁၅-၂၁)။ ယောသပ်က ဘုရားသခင်၏ အလိုတော်အတိုင်း အစ်ကိုများကို ခွင့်လွတ်သည်သာမက ( မဿဲ ၁၈း၂၁-၂၂ )။ အစ်ကိုများအား ပြန်လည်ပြေသည်မှာ “သင်တို့သည် ကျွနု်ပ်ကို ဤအရပ်သို့ ရောင်းလိုက်မိသောကြောင့် စိတ်မငယ်မိကြပါနှင့် ကိုယ်ကိုအမျက်မထွက်ကြပါနှင့်၊ အကြောင်းမူကား ဘုရားသခင်သည် လူတို့အသက်ကို စောင့်မစေခြင်းငှါ၊ သင်တို့ရှေ့မှာ ကျွနု်ပ်ကိုစေလွတ်တော်မူပြီ”ဟု အလိုတော်ကို ဝန်ခံရင်း အစ်ကိုများအား ပြန်၍ အားပေးသည်မှာ အတုယူစရာပင်ဖြစ်သည်။
ယောသပ်အသက်တာတွင် အစ်ကိုများအား အပြစ်တင်ပုံချကာ ခွင့်မလွတ်နိုင်သရွေ့ သူလျှောက်လှမ်းရမည့် ခရီးကို ဖြောင့်တန်းစွာ သွားလို့မရပေ။ ကျွနု်ပ်တို့သည်လည်း ကြုံဆုံလာသမျှ ခက်ခဲမှု ပြဿနာများတွင် သူတို့ကြောင့် ဟိုလူကြောင့်ဟု ပြောပြီး အသက်တာ၌ ခွင့်မလွတ်ချင်သော ဘဝမှာပင် ဆက်ပြီး ရပ်နေပါက တိုးတက်သည့် ဘဝကို မရောက်နိုင်၊ မလှမ်းနိုင်ပါ။ ယောသပ်သည် ရန်ကိုရန်ခြင်း မတုန့်ပြန်ဘဲ သူ၏ အစ်ကိုများအား အကောင်းအားဖြင့် အနိုင်ယူခဲ့လေသည် ( ရော၊ ၁၂း၂၁)။
ခွင့်လွတ်ခြင်းသည် မလိုလားအပ်သော စာရင်းဟောင်းများကို ရှင်းလင်းလိုက်ခြင်းပင်ဖြစ်သည်၊ တနည်းအားဖြင့် လမ်းခရီးအား ထင်ရှားစွာ မြင်တွေ့စေရန် လမ်းရှင်းလိုက်ခြင်းပင်ဖြစ်သည်။ငါတု့သည် အင်္ဂါခြင်းများဖြစ်ကြ၏၊ အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်ဟု နှုတ်ကပါတ်တော်၌ ဆိုထားလေသည် ( ဧဖက်၊ ၄း၂၅-၂၇)။ ယောသပ်သည် လက်တွေ့ကျင့်သုံးချင်းအားဖြင့် အဲဂုတ္တုပြည်၏ ဒုတိယ နန်းတော်အုပ်အရာကို ဘုရားသခင်သည် ချီးမြောက်ခဲ့လေတော့သည်။
ထို့ကြောင့် ကျွနု်ပ်တို့သည်လည်း အချင်းချင်းအကြား၌ ခွင့်လွတ်ရန် အကြောင်းရှိလာပါက မာရ်နတ်အား အခွင့်မပေးဘဲ အချင်းချင်းခွင့်လွတ်တတ်သော စိတ်သဘောနှင့် လုပ်သင့်သောအရာများကို ကြိုးစားလုပ်ဆောင်ရပေမည်။ ခရစ်တော်သည် လောကီသားများအား ခွင့်လွတ်ခဲ့ခြင်းသည် သူ၏ စိတ်ခံစားမှုထက် ဘုရားသခင်၏ အလိုတော်ကိုသာ ဦးတည်ခဲ့ခြင်းကြောင့်ပင်ဖြစ်သည် ( လုကာ၊ ၂၂း၄၂)။ ယောသပ်၏ ခွင့်လွတ်နိုင်ခြင်း သဘောမှာလည်း အလိုတော်ကို ဦးတည်ခဲ့ခြင်းပင်ဖြစ်သည် ( ကမ္ဘာဦး ၄၅း၅ )။
ထို့ကြောင့် ချည်နှောင်မှုကင်းရှင်းသော ဘဝကို ခွင့်လွတ်ခြင်းအသက်တာအားဖြင့် ရယူရင်း ဘဝခရီးကို အောင်မြင်စွာ အသက်ရှင်ကြပါစို့ဟု မေတ္တာဖြင့် ဝေငှလိုက်ပါသည်။
နာမတော်မြတ်၌
ဆယ်မြူရာယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...