၁။ ယေရှုတိုင်တော် ငါဝါကြွားရာ၊ မေတ္တာတော် ထင်ရှားရာပေ၊
ရှေးပရောဖက်ဗျာဒိတ်ခံကာ၊ တိုင်တော် ဘုန်းပင် မြင်ကြချေ။
၂။ ဆင်းရဲဒုက္ခတွေ့ကြုံသောခါ၊ ကြောက်လန့်စိတ်ပျက်များလှသော်၊
ဘေးခပ်သိမ်းကို အောင်မြင်ရာကား၊ ယေရှုလက်ဝါးကပ်တိုင်တော်။
၃။ ကောင်းစားလျက်နှင့် ငြိမ်သက်ပျော်စွာ၊ နေသည်ကာလစဉ်တွင်လည်း၊
တိုင်တော်မှ မေတ္တာရောင်ခြည်ကား၊ သက်ထက်ဆုံးသာ လင်းရာတည်း။
၄။ သုခဒုက္ခ နာခြင်းသာခြင်း၊ တိုင်တော်အားဖြင့် ထူးမြတ်ပေ၊
ကုန်မဆုံးနိုင် ချမ်းသာဘုံတွင်၊ ထိုတိုင်တော် ချီးမြှောက်ပါစေ။
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...