၁။ သားတော်မြတ်သခင် ယေရှု၊ ကောင်းကင်က ဆင်းသက်တော်မူ၊
ဒုက္ခမျိုးအတိုင်းမသိ၊ လူကိုယ်စားခံတော်မူ၏။
၂။ ကောင်းကင်ရှင်မဟာယေရှု၊ ပြောမကုန် နှိုင်းယှဉ်မတူ၊
မြတ်စွာသော မိမိအသက်၊ စွန့်တော်မူ လူတို့အတွက်။
၃။ ကျေးဇူးရှင် သားတော် ယေရှု၊ သေခံပြီး သုံးရက်လွန်မူ၊
လူ့ဘုံသား အံ့ဩမမှီ၊ သေခြင်းမှ ထတော်မူပြီ။
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...