၁။ ဖွင့်ဆိုချက်။
နှုတ်ကပတ်တော်နှင့်ညီသောကိုးကွယ်ခြင်းဟူသည် ဘုရားကို ဗဟိုပြုခြင်းဖြစ်သည်။ ထို့ကြောင့် နှုတ်က ပတ်တော်နှင့်အညီကိုးကွယ်ခြင်းဆိုခြင်းမှာ သမ္မာကျမ်းစာဖွင့်ဆိုပြသထားမှုအတိုင်း ကိုးကွယ်ခြင်းကိုဆိုလို သည်။ အကြောင်းမှာ ကယ်တင်ခြင်းမှအစ အခြားအခြားသော ဩဝါဒတို့သည်မည်သည်လည်း နှုတ်ကပတ် တော်လာ အတိုင်းဗဟိုပြုသွန်သင်မှုများသာဖြစ်သောကြောင့် ကိုးကွယ်ခြင်း၊ ယုံကြည်ခြင်း၊ ခိုလှုံခြင်း၊ ကိုးစားခြင်းတို့သည် လည်းနှုတ်ကပတ်တော်နှင့်အညီသာဖြစ်ရပါမည်။
၂။ နှုတ်ကပတ်တော်နှင့်ညီရန် အရေးကြီးမှု။
နှုတ်ကပတ်တော်နှင့်အညီ ကိုးကွယ်မှုပြုရန်လွန်စွာအရေးကြီးပါသည်။ ကိုးကွယ်ခြင်းဟူ၍ မည်သို့ပင် ဆိုနေပါစေ နှုတ်ကပတ်တော်နှင့်မညီလျင် အချည်းနှီးဖြစ်သည်။ ထို့အတူ အားလုံးသိကြသည့်အတိုင်း ကာဣနနှင့် အာဗေလဖြစ်စဉ်တွင် “အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဘွားသော သားအချို့နှင့်၊ သိုးဆီဥ ကိုဆောင်ခဲ့၏။ ထာဝရ ဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏ ပြုတော်မူ၏။ ကာဣနနှင့် သူ၏ ပူဇော်သက္ကာကို ပမာဏ ပြုတော်မမူ၊ ထိုကြောင့် ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏” (က၊ ၄:၄-၅) ဟုဆိုထား သည်ကို အလေးထားအပ်ပေသည်။
ကာဣနပြဿနာမှာ (ညီဖြစ်သူအား မနာလိုခြင်း၊ ခေါင်းမာခြင်း၊ လူသတ်ခြင်း) စသည်တို့သာမက စစ်မှန် စွာကိုးကွယ်မှုကို အလေးမထားခြင်း၊ မျက်ကွယ်ပြုခြင်းက အဓိကဖြစ်ပါသည်။ ကာဣနသည် ဘုရားရှင်တောင်း ဆိုထားသောလမ်းစဉ်အတိုင်းပြုမူခြင်းမရှိသည်သာမက မိမိလိုအင်အတိုင်း ကိုးကွယ်မှုကို ပြု၍ အမှားကြီးမှားကာ အတိဒုက္ခရောက်ခဲ့ရခြင်းဖြစ်သည်။
၃။ လမ်းလွဲဦးတည်စေသော ကိုးကွယ်ခြင်း။
နှုတ်ကပတ်တော်ကိုအခြေမခံသော ကိုးကွယ်မှုပြုသည့်မည်သည့် အသင်းတော်မဆို ဘုရားဘုန်းတော် မထင်ရှားစေသည်သာမက လူပေါင်းများစွာကို လမ်းလွဲစေ၍ နောက်ဆုံး ကာဣနလစ်သစ်များစွာကို မွေးထုတ် ပေးရာအသင်းအဖွဲ့ဖြစ်လာပါသည်။
ကိုးကွယ်ခြင်းကို အသင်းတော်များစွာက “ယုံကြည်မှုများစွာ” ကိုမှားယွင်းစွာတွေးထင်သလို တွေးထင်၍ အထင်မှားလျက်ရှိသည်။ ယနေ့များစွာထင်မှတ်ထားသလို ကိုးကွယ်ခြင်းသည် “မျက်မှောက် တော်” “တိုးဝင်ပါ” စသည့်စာသားများဖြင့် အစပြု၍ အဆုံးသတ်လိုက်ခြင်းမျိုးမဟုတ်ပါ။
ကိုးကွယ်ခြင်းဟူသည် အမြင့်ဆုံးသော ဘုရားသခင့်မျက်မှောက်တော်တွင် မိမိအသက်တာကိုအပ်နှံပြီး “အတ္တသေဆုံးခြင်း” (သို့) “အတ္တကိုပေးအပ်ခြင်း” သာမဟုတ်ခဲ့လျင် မည်သို့သော တူရိယာနှင် မည်သို့သော အထင်ကရပုဂ္ဂိုလ်တို့ဦးဆောင်နေပါစေ ကာဣနနည်း တူပင်ဖြစ်ပေသည်။
၄။ ဘုရားရှင်အား ချစ်ကြောက်ရိုသေခြင်း။
“ထိုကြောင့်၊ ငါတို့သည်မလှုပ်နိုင်သောနိုင်ငံကိုရသည်ဖြစ်၍၊ ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရား သခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည်အကြောင်း၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့” (ဟေဗြဲ၊ ၁၂:၂၈) ဟုတွေ့ ရသည်။
ဂရိဘာသာစကားတွင် “အစေခံခြင်း” ဟူသောစကားလုံးဖြင့် ကိုးကွယ်ခြင်းကို အကြိမ်ပေါင်း ၂၁ ကြိမ်တိ တိအသုံးပြုခြင်းကို ဓမ္မသစ်တွင်တွေ့ရသည်။ ထို့ကြောင့် ကိုးကွယ်ခြင်းဟူသည် အစေခံခြင်းနှင့် အမြဲလိုပင် ဆက် နွယ်လျက်ရှိသည်။
၅။ ကိုးကွယ်ခြင်းဖြင့် အစေခံခြင်း။
ကိုးကွယ်ခြင်းကို အခြားဂရိစကားအရ “Therapeuo” အဖြစ်သုံးပြီး အင်္ဂလိပ်လိုအားဖြင့် “Therapy” ဖြစ်၍မြန်မာလိုအာဖြင့် “ကျန်းမာစေခြင်း” (သို့) “ကုသမှု” ဟူ၍တစ်စုံတစ်ဦးအပေါ်သက်ရောက်မှုကို ပြဆိုထားပါ သည်။ ဓမ္မသစ်တွင် ထိုစကားလုံးအား ခရစ်တော်ဘုရား၏ အနာရောဂါပေးပျောက်စေခြင်းများ၌ တွေ့ရသည်။
၆။ ကိုးကွယ်ခြင်း၌ ရိုသေလေးမြတ်ခြင်း။
ကိုးကွယ်ခြင်းကို အခြားဂရိစကားလုံး၌ “Proskuneo” ကိုသုံးထားပြီး အင်္ဂလိပ်လိုအားဖြင့် “Paying homage” မြန်မာလို့ “ရိုသေလေးမြတ်ခြင်း” ဟုဆိုနိုင်ပါသည် (၁ ကော၊ ၁၄:၂၅)။ ထို့အတူ ဘာသာတရား ကိုင်းရှိုင်း မှုကို “Sebazomai” ဟုဆိုနိုင်ပါသည် (ရောမ၊ ၁:၂၅)။ ထို့ကြောင့် ဒုတိယစကားလုံး “Sebomai” အရ လေးမြတ်၊ ရိုကျိုးခြင်း အဖြစ်လည်း (တမန်၊ ၁၆:၁၄) တွင်တွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် “Sebomai” စကား အသွင်အပြင်၌ ယေရှုခရစ်တော်က ဘာသာရေးကြောင်သူတော်များ၏ ချီးမွမ်းကိုးကွယ်ခြင်းသည် အချည်းနှီး သက်သက်သာ ဖြစ်ကြောင်းပြောဆိုဆုံးမလေ့ရှိသည် (မ၊ ၁၅:၉)။
အထက်ပါကျမ်းစရာ မူရင်းများကိုကြည့်ခြင်းဖြင့် ကိုးကွယ်ခြင်းဆိုရာ၌ အသက်တာ ခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးရပ်လုံးပါဝင်ပြီး ထိုသို့မဟုတ်လျင် “ခဲလေသမျှ သဲရေကျ” ဖြစ်ပြီး အနှစ်ကင်းမဲ့သောအသက်တာ ဖြစ်ကြ ရပါ မည်။
၇။ စစ်မှန်သောဘုရားကို ကိုးကွယ်ခြင်း။
စစ်မှန်သော ကိုးကွယ်ခြင်းဟူသည် စစ်မှန်သောဘုရားကို ကိုးကွယ်ခြင်း၌သာ ဆိုနိုင်ပါသည်။ အကြောင်း မှာ သမ္မာတရားနှင့်အညီ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်းတို့ပါဝင်ပါသည် (ဟေဗြဲ၊ ၁၂:၂၈)။
ကိုးကွယ်ခြင်း၌ ကျွန်ုပ်တို့ မည်သူကို ကိုးကွယ်နေကြောင်း သိမှတ်နားလည်ရန် အရေးကြီးလှပါသည်။ ဘုရားသခင်သည် သန့်ရှင်းခြင်း၊ စုံလင်ခြင်း၊ အတုမဲ့၊ အနှိုင်းမဲ့၊ မေတ္တာတော်ရှင်၊ ဣဒ္ဓိဝိဒအရှင်စသော ဂုဏ်တော်ပေါင်းများစွာဖြင့် ချီးမွမ်းကိုးကွယ်ရန် ထိုက်တန်သောဘုရားဖြစ်ပါသည်။
ပုထုဇဉ်လူသားများဖြစ်သော်လည်း ကျေးဇူးတော်အားဖြင့် ဘုရားသခင်သည် သူ့အားကိုးကွယ်အံ့သော ငှါ တစ်ပါးတည်းသောသားတော်အားဖြင့် အပြစ်နွံမှရွေးနှုတ်ကယ်တင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့်လည်း ချီးမွမ်း ကိုးကွယ်ခြင်းတွင် ကျွန်ုပ်တို့ဝါကြွားစရာ၊ ပလွှားစရာ၊ ခေါင်းမော့ရင်ကော့စရာအကြောင်း တစ်စိုး တစ်စိမျှ မရှိပါ (လု၊ ၁၈:၉-၁၄)။
ကိုးကွယ်မှုပြုရာတွင် “သမ္မာတရား” နှင့်အညီကိုးကွယ်ရန် လွန်စွာအရေးကြီးသည် (ယော၊ ၄:၂၄)။ ဘုရား ဂုဏ်ရည်နှင့် ဘုရားသခင့်အဖြစ်တော်ကို မသိနားမလည်ပါလျင် ကျွန်ုပ်တို့သည် မည်သို့နည်းနှင့်မျှ စစ်မှန်စွာ ကိုးကွယ်မှုကိုပြုနိုင်မည်မဟုတ်ပါ။ ဘုရားသခင်အား စစ်မှန်စွာ ကိုးကွယ်မှုပြုလိုသူတိုင်း ဖွင့်ပြ ထားတော်မူသော ဘုရားသခင့်ဂုဏ်တော်၊ ဘုရားသခင့်အဖြစ်တော်များကို နှုတ်ကပတ်တော်အတိုင်း ကိုးကွယ် ရပါမည်။ ထိုသို့ ကိုးကွယ်ခြင်းမပြုလျင် မည်သို့ပင် ဝတ်ပြုကိုးကွယ်နေစေကာမူ ကျွန်ုပ်တို့ ကိုးကွယ်မှုများ သည် ကာဣနကဲ့သို့သာ ငြင်းပယ်ခြင်းကိုခံကြရပါမည်။
၈။ အဇ္ဈတ္တအစစ်အမှန်ဖြင့် ကိုးကွယ်ခြင်း။
နှုတ်ကပတ်တော်နှင့်အညီ ကိုးကွယ်မှုပြုလိုသူတိုင်း ဘုရားသခင်ကို ကိုးကွယ်မှုပြုရာတွင် ဗဟိဒ္ဓအသွင် ထက်၊ အဇ္ဈတ္တအသွင်ဖြင့် ကိုးကွယ်မှုပြုရန် လွန်စွာအရေးကြီးလှပါသည်။ ဘုရားသခင်သည် နှလုံးသားကို ချိန်ထိုး ကြည့်မြင်၍၊ သိမှတ်တော်မူသောဘုရားဖြစ်သည်။ “ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ် နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ် တို့ ကို အမှီပြု၍ ငါ့ကိုကြောက်ရွံ့ကြ၏” (ဟေရှာ၊ ၂၉:၁၃)။
ကိုးကွယ်ခြင်းသည် ဘာသာရေးထုံးစံ၊ ဝတ်ရွတ်စဉ် (သို့) လူမြင်ကောင်းရန်ပြုရသောအရာမဟုတ်ပါ။ ကိုးကွယ်ခြင်းသည် ကျွန်ုပ်တို့၏ ဖြစ်တည်မှုကိုဝါကြွားပြဆိုရန်မဟုတ်သော်လည်း “ဘုရားသခင့်ရှေ့တော်၌ ကခုန် လျက်ရှိသောဒါဝိဒ်၏ ကိုးကွယ်ခြင်း” သည် စစ်မှန်သောကိုးကွယ်ခြင်းပြယုဂ်တစ်ခုဖြစ်သည် (၂ ရာ၊ ၆:၁၄)။
ဂီတသည် ကိုးကွယ်ခြင်းမဟုတ်သော်လည်း ကိုးကွယ်သူများစွာတို့သည် ဂီတတူရိယာများကို အသုံးပြု လေ့ရှိကြသည်။ စစ်မှန်သော ကိုးကွယ်ခြင်းသည် ဘုရားသခင်ကိုသာ ဗဟိုပြုခြင်းဖြစ်သည်။ ထိုအရှင်အား လေး မြတ်ခြင်း၊ ကြည်ညိုခြင်း၊ နာခံခြင်း၊ ရို့ကျို့ခြင်းတို့သည် ထိုအရှင်၏ အဖြစ်တော်၊ ဂုဏ်တော်ကိုသိရှိ နားလည်ခြင်း မှစီးဆင်းလာခြင်းဖြစ်သည်။
ထို့အတူ “ကိုးကွယ်ခြင်း” နှင့် “အစေခံခြင်း”သည်
အမြဲယှဉ်တွဲလျက်ရှိပြီး
“ဒင်္ဂါး” ၌ ခေါင်းနှင့် ပန်းရှိသကဲ့သို့ခွဲခြား၍မရ
၉။ ကိုးကွယ်ခြင်း၌ အသစ်သောနှလုံးသား။
စစ်မှန်သောကိုးကွယ်ခြင်း (သို့) ဘုရားမျက်မှောက်တော်တိုးဝင်ခြင်းအကျိုးဆက်မှာ နှလုံးသားကို ပြောင်း လဲစေပါသည်။ စစ်မှန်စွာကိုးကွယ်တတ်လာသည်နှင့်အမျှ ထိုသူသည် ဘုရားသခင်အား သာ၍နာခံ လိုခြင်း၊ သာ၍ ချစ်မြတ်နိုးလိုခြင်း၊ သာ၍ခိုလှုံကိုးစားလိုခြင်းတို့သည် တစ်နေ့တစ်ခြားတိုးပွားလာပါသည်။
ထို့အတူ “ကိုးကွယ်ခြင်း” နှင့် “အစေခံခြင်း”သည် အမြဲယှဉ်တွဲလျက်ရှိပြီး “ဒင်္ဂါး” ၌ ခေါင်းနှင့် ပန်းရှိသကဲ့ သို့ခွဲခြား၍မရသောဖြစ်တည်မှုဟုဆိုနိုင်ပါသည်။ ထို့အတူ ဘုရားသခင်ကို ကိုးကွယ်ခြင်း၌ နာခံခြင်းသည်လည်း အမြဲကြီးထွားလာပါသည်။ ခရစ်တော်ဘုရားကိုယ်တော်တိုင် “ဘုရားသခင်ကိုချစ်လျှင် ဘုရားသခင့်စကားတော် ကိုနားထောင်လိမ့်မည်” ဟုမိန့်တော်မူခဲ့ပါသည် (ယော၊ ၁၄:၁၅)။
ဘုရားသခင်အားချစ်လျင်၊ ထိုအရှင်အား ကိုးကွယ်မှုပြုလိုလျင် သေချာပါသည် ထိုအရှင်အား ထိုက်တန်စွာ ကိုးကွယ်ခြင်းနှင့်အတူ ထိုအရှင်၏စကားတော် ကိုနာခံခြင်း၌ အစဉ်အတိုင်းကြီးထွားလာပါလိမ့်မည်။
၁၀။ ကိုးကွယ်ခြင်း၌ အသက်တာပြောင်းလဲခြင်း။
စစ်မှန်သောကိုးကွယ်မှုပြုသူသည် ထိုကိုးကွယ်ခြင်းအားဖြင့် အသက်တာရှင်သန်နေထိုင်မှုသည် နှုတ်က ပတ်တော်နှင့်အညီပြောင်းလဲခြင်း၌ မြင်တွေ့ခံစားကြရပါသည်။ ကိုးကွယ်မှုခနတာပြောင်းလဲသော အသက်ရှင် နေ ထိုင်မှုမဟုတ်၊ ဘုရာကျောင်း၌သာလျင်ဖြစ်တည်သော ဘုရားသခင်အားချစ်ခြင်း၊ အသက်တာနူးညံ့ခြင်း မျိုးများ မဟုတ်။ နေ့စဉ်အသက်ရှင်ခြင်း၌ စီးဆင်းလာသော ကောင်းကြီးမင်္ဂလာပြောင်းလဲခြင်းအစစ်ဖြစ်သည်။
“သင်တို့သည်စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော် ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့” (၁ ကော၊ ၁၀:၃၁) ပါရှိသော အချက်များ အတိုင်း အသက် တာ၌ ခွဲခြားထား၍မရနိုင်သော ပြောင်းလဲခြင်းကို စစ်မှန်သောကိုးကွယ်သူများ၌ မြင်တွေ့ နိုင်ပါသည်။ ထိုသူ၏ နေခြင်းထိုင်ခြင်း၊ ပြောဆိုခြင်း၊ ကျင့်ကြံပြုမူခြင်း၊ အသက်မွေးခြင်းမှအစ အစစအရာရာ တို့သည် ထိုဘုရားအား ဖြင့်သာလျင် ဖြစ်တည်လျက်ရှိနေပါသည်။
ကျွန်ုပ်တို့အသက်တာသည် ဘုရားရှင်အားပေးလှူဆက်ကပ်မှုပြုထားပြီးဖြစ်သည့်အားလျော်စွာ ဘုရား အဖို့အစေခံခြင်း၊ ဆက်ကပ်ခြင်းတို့သည် ဒွန်တွဲလျက်ရှိနေပါသည်။ ထို့ကြောင့် စစ်မှန်သောကိုးကွယ်မှုပြုသူ သည် ယာယီမျှ (သို့) တနင်္ဂနွေတစ်ရက်မျှသာမဟုတ် အသက်တာတည်ရှိနေသမျှကာလပါတ်လုံး ထိုအရှင်အား ကိုးကွယ် မှုပြုနေခြင်းဖြစ်ကြောင်း သိနားလည်နိုင်ပါသည်။
ထိုသို့နေထိုင်ခြင်းသည် အခြားသူများအဖို့ ထူးဆန်းမှု ဖြစ်ကောင်းဖြစ်နေသော်လည်း ထိုသူအတွက်မူ သမရိုးကျ “နိစ္စဓူဝ” အမှုမျသာဖြစ်၍ ထူးဆန်းမနေသလို၊ သီးသန့်လုပ်ယူနေစရာလည်းမလိုသော ဓလေ့တစ်ခု၊ အသက်ရှင်သန်မှုလမ်းစဉ်တစ်ခုသာဖြစ်ပါသည်။ ထိုသို့ရှင်သန်ခြင်းတွင် ဆုတောင်းခြင်း၊ ပေးလှူခြင်း၊ မစခြင်း၊ ဖေးမခြင်း၊ တည်ဆောက်ခြင်း၊ အစေခံခြင်း၊ ကိုးကွယ်ခြင်း၊ နှုတ်ကပတ်တော်ဖတ်ရှုခြင်းစသောအမှုကြီးငယ်တို့ သည်သူ့အဖို့ “ထမင်းစားရေသောက်” ဖြစ်နေပါသည်။
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်
မှတ်ချက်။ ။ What is a biblical theology of worship? အားမြန်မာမူပြုပါသည်။
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...