၁။"ကာမ"ဟူသော စကားလုံး ဖွင့်ဆိုမှု။
"ကာမ" ဟူသောစကားလုံးသည်ဟိန္ဒူဘာသာနှင့်ဗုဒ္ဓဘာသာတို့တွင်အသုံးပြုများသောစကားလုံးဖြစ်သည်။ထိုကာမ နှင့်စပ်ဆိုင်သောဖြစ်တည်မှုကြောင့်သင့်နောင် ဘဝကို မည်သို့ဖြစ်စေမည်၊ မည်သို့သောဘဝကိုရရှိစေမည်စသဖြင့် အဆုံးအဖြတ်ကိုပေးကြသည်။
သင်သည်ကြင်နာသနားတတ်သူ၊စာနာတတ်သူဖြစ်လျင်တမလွန်ဘဝ တွင် ကောင်းရာမွန်ရာဘဝကို ရရှိမည်ဖြစ်ပြီး၊ အကယ်၍ ဆိုးသွမ်းကြမ်းတမ်းသူဖြစ်လျင်နှစ်သက်ဖွယ်မရှိသောဘဝကို ကူးပြောင်းသွားရမည်ဟု ဆိုကြသည်။
နှုတ်ကပတ်တော်တွင်"သံသရာ" ဟူသောအရာကို လုံးဝငြင်းပယ်ထားသောကြောင့်ထို"ကာမ" ကိုအခြေခံသော နောင်ဘဝဘဝဟူသောအရာ ကိုလုံးဝ လက်ခံခြင်း၊ ထောက်ပံ့ခြင်းလုံးဝမပြုထားပါ။
၂။ရခဲ မွန်မြတ်လှသော လူ့ဘဝ။
နှုတ်ကပတ်တော်တွင်"လူသည် တခါတည်းသေ၍ ထိုနောက်မှ တရား စီရင်တော်မူ ခြင်းကိုခံရ၏" (ဟေဗြဲ၊ ၉း၂၇) ဟုဆိုထားသည်။
နှုတ်ကပတ်တော်ကရှင်းလင်းသောဖြစ်စဉ်နှစ်ခုကိုချပြထားပါသည်။ ခရစ်ယာန်များအနေဖြင့်"သံသရာ" နှင့် "ကာမ" ဟူသောအကြောင်းတရားကို လုံးဝငြင်းပယ် ထားသည်။ ၄င်းတို့ကိုရှင်းလင်းစေရန်မှာ...
(၁) လူသည်တစ်ခါသာသေရမည်။
ဆိုလိုသည်မှာလူသည် တစ်ကြိမ်သာသေခြင်းတရားကိုရင်တိုင်ကြရမည်ဖြစ်ပြီး၊သေပြီးနောက်တွင်ဟိုဘဝသို့ ရောက်ရခြင်း၊သည်ဘဝသို့ရောက်ရှိရခြင်းစသောအဆုံးမသတ်နိုင်သည့်သံသရာဖြစ်စဉ်ကိုမသွန်သင်ပါ။
(၂) ထို့နောက် တရားစီရင်ခြင်းရှိမည်။
လက်ရှိဘဝမှအသက်ဆီမီးစာကုန်ဆုံးသွားသည်နှင့်ကျွန်ုပ်တို့သည်တရားစီရင်ခြင်းကို မလွဲမသွေကြုံဆုံကြရပေ မည်။ထိုသို့ဆိုခြင်းဖြင့်ဒုတိယဟူသော အခွင့်အရေးလုံးမရှိ၊နောင်ဘဝတွင် လွတ်မြောက်ရာလမ်းကို ကြိုးစားမည်၊ ဟိုဘဝတွင် ကယ်တင်ခြင်းကိုလက်ခံယူမည်ဟူသောအခွင့်အလမ်းများပြုရန်မရှိတော့။
"ဗျာဒိတ်တော်အချက်ဟူမူကား၊ နှစ်သက်ဖွယ်သောအချိန်၌သင်၏ စကားကို ငါနားထောင်ပြီး။ ကယ်တင်ရာ နေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန်ရှိ၏။ ယခုပင်ကယ်တင်ရာ နေ့ရက်ကာလရှိ၏" (၂ ကော၊ ၆း၂)ဆိုသည့်အတိုင်း ရရှိထားသော လက်ရှိဘဝသည် အမြတ်ဆုံးသော ဘဝသာ ဖြစ်သည်။
၃။စိုက်ပျိုးခြင်းနှင့်ရိတ်သိမ်းခြင်း နိယာမ။
နှုတ်ကပတ်တော်ကစိုက်ပျိုးခြင်းနှင့်ရိတ်သိမ်းခြင်းအကြောင်းကိုပြောဆို ထားပါသည်။"ငါသိမြင်သည်အတိုင်း၊မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့သည် ထိုသို့ နှင့်အညီ စပါးရိတ်တတ်ကြ၏" (ယောဘ၊ ၄း၈)။
"မျက်ရည်ကျလျက်မျိုးစေ့ကြဲသောသူတို့သည်ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်"(ဆာ၊ ၁၂၆း၅)။
"ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊စပါးကိုမရိတ်၊ စပါး ကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ။ သို့သော်လည်း ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့ သည် အလွန်မြတ်သည်မဟုတ်လော" (လု၊ ၁၂း၂၄)။
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းစိုက်ပျိုးခြင်းနှင့်ရိတ်သိမ်းခြင်းဟူသည်ယခုဘဝတွင် ရိတ်သိမ်းခံစားရခြင်း သာဖြစ်ပြီး၊နောင်လာမည့် ဘဝ ဘဝများစွာတွင် ခံစားရမည်၊ စံစားရမည်ဟု သွန်သင်နေခြင်းမဟုတ်ရပါပေ။
လက်ရှိသင့်အသက်တာတွင် လုပ်ဆောင်နေသောအရာများသည်စိုက်ပျိုးနေခြင်းဖြစ်ပြီ၊လက်ရှိဘဝမှာပင် သင်ရိတ် သိမ်းရပါလိမ့်မည်။
ရှင်းလင်းစွာဆိုရလျင်လက်ရှိဘဝတွက် သင့်စိုက်ပျိုးနေမှုများကအစက်ဆီမီးစာကုန်ဆုံးပြီးနောက်ဘဝတွင်"ဆုလာဘ်" နှင့် "အပြစ်ဒဏ်" အဖြစ် ခံယူရန်သာ ရှိပေသည်။
၄။သင်္ချိုင်းသည် လမ်းဆုံးမဟုတ်။
အသက်ဆီမီးစာချုပ်ငြိမ်းသွားပြီးနောက်တွင်အခြားအခြားသောဘဝဖြင့်ဤလောကသို့ သင်ပြန်လာစရာအကြောင်း မရှိတော့။
သွားရမည့်လမ်းနှစ်ခုမှာ....
- ထာဝရအို၊ နာ၊ သေခြင်းကင်းရာ သုဂတိဘုံဌာနနှင့်
- ထာဝရအို၊ နာ၊ ဘေးရှိရာ ဒုဂတိဘုံဌာနသာဖြစ်သည်(မ၊ ၂၅း၄၆)။
၅။ဘုရားဖက်လျက် အသက်ရှင်ခြင်း။
အထက်တွင်ဆိုခဲ့ပြီးသည့်အတိုင်းကျွန်ုပ်တို့၏ လောဘ၊ ဒေါသ၊ မောဟဖြင့်သာမက ဗီဇအပြစ်တည်းဟူသော အမြစ်စွဲလျက်ရှိသော လောကီသားများအဖို့ သေခြင်းသည် မလွဲမသွေကြုံဆုံကြရပေမည်။
ခရစ်တော်၏ကိုယ်စားယတြာသည်ကျွန်ုပ်တို့၏ ယခုဘဝ နောင်ဘဝတည်းဟူသော နှစ်သွယ်သောဘဝအတွက် ကယ်ချွတ်ရာအမှုကိုပြုပေးခဲ့ပြီးဖြစ်သည်။
"ဗျာဒိတ်တော်အချက်ဟူမူကား၊ နှစ်သက်ဖွယ်သောအချိန်၌သင်၏ စကားကို ငါနားထောင်ပြီး။ ကယ်တင်ရာနေ့ရက် ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန်ရှိ၏။ ယခုပင်ကယ်တင်ရာ နေ့ရက် ကာလရှိ၏" (၂ ကော၊ ၆း၂)။
ထိုဘုရားကိုဖက်ယမ်းပြီးလျင်အို၊ နာ၊ သေခြင်းကင်းသော နန်းအမတကို အရယူနိုင်ပါပြီ။"ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ကိုယ်ကုသိုလ်ကြောင့်ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ"(ဧဖက်၊ ၂း၈-၉)။ ကယ်တင်ခြင်းဟူသည် ဘုရားသခင်ပြုသော မဟာကျေးဇူး တရားလမ်းစဉ်သာဖြစ်ပေသည်။
အချုပ်ဆိုရသော်"ကာမ" ဟူသောအကြောင်းတရားနှင့်"သံသရာ" ဟူသောအကြောင်းတရားသည်နှုတ်ကပတ် တော်မှသွန်သင်သော လူ့ဘဝ၊ သေခြင်း၊ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းတို့နှင့်လုံးဝဆက်နွယ်မှုမပြုနိုင်သောအမြင်၊ ခံယူကျင့်သုံးမှု၊ သြဝါဒတို့ဖြစ်ကြောင်း ရှင်းလင်းကွဲပြားစွာ နားလည်သဘောပေါက်ပြီဟုဆိုရပေမည်ဟုယုံကြည် လျက်...
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်
မှတ်ချက်။။ What does the Bible say about karma? အားမြန်မာမူပြုပါသည်။
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...