၁။ မသိ၍မှားသော သစ္စာကတိ။
"ယေဖသသည် ထာဝရဘုရားအား သစ္စာဂတိထားလျက်၊ အကယ်၍ ကိုယ်တော်သည် အမ္မုန်အမျိုးသား တို့ကို အကျွန်ုပ်လက်၌ အပ်တော်မူလျှင်၊ အကျွန်ုပ်သည် အမ္မုန် အမျိုးသားတို့ရှိရာမှ ငြိမ်ဝပ်စွာ ပြန်လာသောအခါ၊ အကျွန်ုပ်ကို ခရီးဦးကြို ပြုအံ့သော ငှါ အကျွန်ုပ်အိမ်တံခါးဝမှ ထွက်လာသောသူ မည်သည်ကို ထာဝရဘုရားအား အမှန် ဆက်သ၍ မီးရှို့ရာယဇ်ပူဇော်ပါမည်ဟု သစ္စာဂတိထားပြီးမှ.... " (သူကြီး၊ ၁၁း၃၀~၃၁)။
ဣသရေလတို့၏ တရားသူကြီးတစ်ဦးဖြစ်သော ယေဖသသည် အထက်ပါ မိုက်မဲသော ကတိသစ္စာဝတ်ကိုပြုခဲ့လေသည်။
အမှန် စစ်တိုက်ရာမှ အောင်ပွဲဆင်လျက် ပြန်လာချိန်တွင် ပထမဦးဆုံး ခရီးဦးထွက်ကြို သူမှာ သူ၏ သမီးဖြစ်နေခဲ့သည် (သူကြီး၊ ၁၁း၃၄) ။
၂။ ကတိအတိုင်းမည်သို့ပြုသနည်း။
ထို့နောက် ထားရှိသော "ကတိအတိုင်း သမီးဖြစ်သူကို ယာဇ်ပူဇော်ခြင်း" ကိစ္စကို အသေးစိတ် သမ္မာကျမ်းစာတွင် ဖော်ပြထားခြင်းမရှိသည်ကို မြင်တွေ့ရ ပြန်သည်။ သို့သော် သူကြီး၊ ၁၁း၃၉ တွင်~
"အဘသည် သစ္စာဂတိရှိသည်အတိုင်း ပြုလေ၏" ဟုဖတ်ရှုကြရပြန်သည်။
သို့သော် သမီးမှာ သူ၏ "အပျိုကညာစစ်ခြင်း" ကိုသာငိုကြွေးမြည်တမ်းနေခဲ့သည်။
"သမီးက၊ ခမည်းတော်သည် ထာဝရဘုရားအား လျှောက်ထားလျှင်၊ လျှောက်ထား သည် အတိုင်း ကျွန်မ၌ ပြုပါ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ခမည်းတော်၏ ရန်သူ အမ္မုန်အမျိုးသားတို့၌ ခမည်းတော်၏စိတ်ပြေစေခြင်းငှါ အပြစ်ပေးတော်မူပြီ။
သို့ရာတွင် ကျွန်မသည် အပေါင်းအဘော်တို့နှင့်တကွ တောင်ရိုးပေါ်မှာ လှည့်လည်၍၊ ကျွန်မ၏ အပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းရမည်အကြောင်း၊ နှစ်လပတ်လုံး အလွတ်နေပါရစေဟု အဘအား အခွင့်တောင်းသည်အတိုင်း၊ အဘက၊ သွားလေ တော့ဟုဆိုလျက် နှစ်လကို ချိန်းချက်၍ လွှတ်လိုက်လျှင်၊ အပေါင်းအဘော်တို့နှင့် တကွ သွား၍ တောင်ရိုးပေါ်မှာ မိမိအပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းလေ၏" (သူကြီး၊ ၁၁း၃၆~၃၈)ဟု တွေ့နိုင်ပေသည်။
၃။ တစ်ဘဝလုံးပုံအပ်ပေးလှူခြင်း (သို့) အသက်ရှင်သောယာဇ်။
ထိုဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့်ယေဖသ၏ သမီးသည် ယာဇ်ပူဇော်မှုအစား တဲတော်တွင် အစေခံရန်အတွင် ဆက်ကပ်ပေးလှူခဲ့ခြင်းမှာ ပို၍ ဖြစ်နိုင်ခြေများလှပေသည်။
မည်သို့ပင်ဆိုစေ ဘုရားသခင်သည် "လူယာဇ်ပူဇော်ခြင်းအား" အတိအလင်းပိတ်ပင် တားမြစ်ထားသည်ကို တွေ့နိုင်သောကြောင့် ယေဖသသည် သမီးဖြစ်သူကို ယာဇ်ပူ ဇော်ခြင်း၌ အလိုတော်ရှိတော်မူလိမ့်မည်မဟုတ်။
"ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ် သက်တော်မူ ဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ ကို ငါတိုက်တွန်းနှိုးဆော်ပေ၏" ( ရောမ၊ ၁၂း၁)။
၄။ စံပြုလေးစားခြင်းခံရသူ။
ဖခင်၏ ကတိကဝတ်ကို လိုလားစွာ သမီးဖြစ်သူမှ ဖြည့်ဆည်းပေးခဲ့လေသည်။
ထို့အတွက် ~
- နှစ်လစေ့သောအခါ အဘထံသို့ ပြန်လာ၍၊
- အဘသည် သစ္စာဂတိရှိသည်အတိုင်း ပြုလေ၏။
- ထိုမိန်းမသည် ယောကျာ်းနှင့် မဆက်ဆံသော သူဖြစ်၏။
တစ်ဖန် ထိုနောက်မှ ဣသရေလအမျိုးသမီးတို့သည်၊ ဂိလဒ်အမျိုးသားယေဖသ၏သမီးကြောင့်
- တနှစ် တနှစ် လျှင် လေးရက်ပတ်လုံး
- ငိုကြွေးမြည်တမ်းခြင်းငှါ သွားရသော
- ဣသရေလ ထုံးစံဓလေ့ ဖြစ်လေ၏" (သူကြီး၊ ၁၁း၃၉~၄၀) ဟုဖော်ပြထားလေသည်။
၅။ တားမြစ်ထားသောလူသားယာဇ်ပူဇော်ခြင်း။
လူဖြင့်ယာဇ်ပူဇော်မှုကို ဘုရားသခင်သည် မောရှေအားဖြင့် ကနဦးကတည်းကပင် တားမြစ်တော်မူခဲ့ပြီးဖြစ်သည်။
"တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊- ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့် ပစ်ရကြမည်။ ငါ့သန့် ရှင်းရာဌာနတော်ကို ညစ်ညူးစေလျက်၊ ငါ့သန့်ရှင်းသော နာမတော်ကို ရှုတ်ချလျက်၊ မိမိ သားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူကို၊ ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သော သူကို ပြည် သားတို့သည် အမှုမထား မသတ်ဘဲ နေလျှင်၊- ထိုသို့ နေသောသူနှင့် သူ၏ အိမ်သူ အိမ်သားတို့ကို ငါသည် မျက်နှာထား၍ ထိုသူကို၄င်း၊ သူနှင့်အတူ မောလုတ်ဘုရားထံ ၌ မှားယွင်းသောသူကို၄င်း၊ သူတို့အမျိုးမှ ပယ်ရှင်းမည်" (ဝတ်၊ ၂ဝး၁~၅)။
၆။ အတိအလင်းတားမြစ်ထားခြင်း။
ထိုမျှမက အထက်ပါ လုပ်ဆောင်မှုများကို ဘုရားသခင် ရွံရှာတော်မူကြောင်း ယေရမိ၊ ရး၃၁၊ ၁၉း၅ နှင့် ၃၂း၃ တို့တွင် အောက်ပါအတိုင်း မြင်တွေ့နိုင်ပါသည်။
"ငါမမှာထား၊ ငါအလျှင်းအလိုမရှိသော်လည်း၊ သူတို့သားသမီးများကို မီးရှို့ခြင်းငှါ ဟိန္နံသား၏ချိုင့်၌ ရှိသော တောဖက်ကုန်းတို့ကို တည်ကြပြီ"
"ငါမစီရင်မမှာထား၊ ငါအလျှင်းအလိုမရှိသော ဝတ်တည်းဟူသော၊ ဗာလဘုရားရှေ့မှာ မိမိသားတို့ကို မီးရှို့၍၊ ပူဇော်ရာ ဝတ်ပြုခြင်းငှါ၊ ဗာလဘုရားဘို့ ကုန်းတို့ကို တည်လုပ်ကြ ပြီ"
"သူတို့သားသမီးတို့ကို မောလုပ်ဘုရားအား ပူဇော်ခြင်းငှါ၊ ဟိန္နံ သား၏ချိုင့်၌ရှိသော ဗာလဘုရား၏ ကုန်းတို့ကို တည်လုပ်ကြပြီ။ ယုဒအမျိုးအပေါ်သို့ အပြစ် ရောက်စေခြင်း ငှါ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဘွယ် သောအမှုကို ငါမမှာထား၊ ငါအလျှင်အလိုမရှိဘဲ ပြုကြပြီ ဟု ထာဝရဘုရား မိန့်တော်မူ၏"
၇။ အတုယူ စံပြုရမည့်အရေးကြီးမှု။
အထက်ဖော်ပြပါ ကျမ်းစကားများကို ကြည့်ခြင်းအားဖြင့်ဘုရားသခင်သည် "လူသားယာဇ်ပူဇော်မှုလိုလားခြင်းရှိတော်မမူ" ကြောင်း မြင်တွေ့နိုင်ပါသည်။ ထို့ကြောင့်ဘုရားသခင့်အလိုတော်ကို မိမိအလိုနှင့်ပေါင်းလိုက်သော ယေဖသလို မှားယွင်းသော "ကတိသစ္စာ" သို့မဟုတ် "ကတိကဝတ်" များကို မိုက်မဲစွာ မပြုမူကြရန် သမ္မာကျမ်းစာမှပေးသော သင်ခန်းစာအဖြစ် နှလုံးသွင်းကြရန်သာဖြစ်သည်။
ထို့ကြောင့်ဘုရားသခင့်အလိုတော်ကို မိမိအလိုနှင့်ပေါင်းလိုက်သော ယေဖသလို မှားယွင်းသော "ကတိသစ္စာ" သို့မဟုတ် "ကတိကဝတ်" များကို မိုက်မဲစွာ မပြုမူကြရန်
"ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေ ဖြစ်အံ့သောငှါ ထိုသူတို့၌ ရောက်ကြ ၏။ ကပ်ကာလ အဆုံးတွင် ဖြစ်သောငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ၌ ရေးထားလျက် ရှိသတည်း" (၁ ကော၊ ၁ဝး၁၁)။
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...