ဘဝတွင် လူတိုင်း မိမိစိတ်တိုင်းကြ ဖြစ်လိုကြသည်။ ရယူပိုင်ဆိုင်လိုကြသည်။ သို့သော်လည်း အများစုမှာ ထိုသို့ဖြစ်မလာရကောင်းလားဟူ၍ စိတ်ဓါတ်ကျ စိတ်ပျက်ကြသည်။ အထူးသဖြင့် ယုံကြည် သူဟုဆိုကြသူများပင် မကြာမကြာညီးတွားလေ့ရှိကြသည်။
ထိုသို့သောအခြေအနေတွင် နှုတ်ကပတ်တော်အတိုင်း ဆင်ခြင်အောက်မေ့မှုပြုလျှင် ခွန်အားပြည့် ဝစေလာသည်သာမက လက်ရှိဘဝနှင့် အနာဂါတ်နှစ်ရပ်လုံးအတွက် စိတ်ချမှုကိုပေးနေပါသည်။ သို့တိုင် အောင် “ပညာရှိသတိဖြစ်ခဲ” ဆိုသည့်အတိုင်း လူအများစုတို့မှာ သတိမမူမိသောကြောင့် လက်တစ်ကမ်းတွင် ရှိနေသော ထိုအခွင့်အလမ်းများကို လက်လွတ်ဆုံးရှုံးနေကြရသည်။
၁။ လူသားနှင့် လောကဓံတရား။
“လူတစ်ဦးပူမှုရယ်က ဆယ်ကုဋေ”ဟု မြန်မာစကားပုံရှိပါသည်။ လောကတွင် လူတိုင်းလူတိုင်း အပြစ်တရားကြောင့် ထိုလောကဓံတရားကို မလွဲမသွေရင်ဆိုင်ကြရပါမည်။ မည်သူမှရှောင်လွဲမရနိုင်ပါ။ သို့သော်လည်း နှုတ်ကပတ်တော်တရားတော်ဖြင့် ချိန်ထိုးကြည့်လျှင် ကတိတော်တစ်ချက်ကိုမျှသာ ပြန်ပြီး ဆင်ခြင်မိလျှင် “အာမခံချက်” ကိုမြင်တွေ့လာနိုင်ပါသည်။
ထို့ကြောင့် ကျမ်းစာထဲရှိ ယုံကြည်သူများဘဝကို သုံးသပ်ကြည့်လျှင် သူတို့လည်း ကျွန်တော်တို့ကဲ့ သို့ပင် လူသားများဖြစ်သောကြောင့် ထိုလောကဓံတရားရှစ်ပါးကို အမှန်ရင်ဆိုင်ခဲ့ကြရပါသည်။ ရင်ဆိုင်ခဲ့ကြ ရသည့်တိုင် သူတို့သည် လောကဓံတရားအောက်တွင် သူတို့မကျရှုံးခဲ့ကြပါ။
ရှင်ပေါလုက “ကောင်းစားခြင်း၊ ဆင်းရဲခြင်း၊ ကြွယ်ဝခြင်း၊ ငတ်မွတ်ခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း” တို့ကြုံရသည့်အထဲမှာပင် “အရပ်ရပ်အရာရာတို့တွင် ခပ်သိမ်းသောအရာကို ငါသင်မိပြီ” ဟုဆိုခဲ့သည်။ ထိုသို့ ဖြင့် သူသင်ယူခဲ့ရရခြင်းအား “ငါသည် ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို တတ်စွမ်းနိုင်၏” ဟုကြုံး ၀ါးလျှက် လောကဓံတရားကို အောင်နိုင်ခဲ့သည်။
၂။ လူသားနှင့် အခွင့်အလမ်း။
လူသားတိုင်း မိမိဘဝကို မိမိစိတ်ကြိုက် ဖြစ်ပိုင်ခွင့်၊ လုပ်ယူပိုင်ခွင့်မရရှိကြသည်ကို ဝန်ခံကြရမည်။ ထိုသို့မရသောကြောင့် ဘဝကို အရှုံးပေးရန်မလို။ အကြောင်းမှာ “လူတိုင်း မိမိဘဝကို စီမံပို်င်ခွင့်ရှိထားသည်” မဟုတ်ပါလား။ ရှင်ပေါလုအပါအဝင် ကျမ်းစာထဲမှ သူများကိုကြည့်လျှင် သူတို့ဘဝကို သူတို့စိတ်ကြိုက်ဖြစ် ပို်င်ခွင့်မရှိခဲ့ကြ။ သို့သော် ဖြစ်ပေါ်၊ ကြုံတွေ့ရသေအမှုအရာများထဲတွင် မည်သို့လုပ်ဆောင်ကြမည်၊ မည်သို့ ဘဝကိုပုံဖော်ကြမည်ဟူသော “စီမံနိုင်ခွင့်” ကိုတော့ရရှိထားကြပါသည်။
ရှင်ပေါလုက “ကောင်းစားခြင်း၊ ဆင်းရဲခြင်း၊ ကြွယ်ဝခြင်း၊ ငတ်မွတ်ခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း” တို့ကြုံရသည့်အထဲမှာပင် “အရပ်ရပ်အရာရာတို့တွင် ခပ်သိမ်းသောအရာကို ငါသင်မိပြီ” ဟုဆိုခဲ့သည်။ ထိုသို့ ဖြင့် သူသင်ယူခဲ့ရရခြင်းအား “ငါသည် ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို တတ်စွမ်းနိုင်၏” ဟုကြုံး ၀ါးလျှက် လောကဓံတရားကို အောင်နိုင်ခဲ့သည်။
၂။ လူသားနှင့် အခွင့်အလမ်း။
လူသားတိုင်း မိမိဘဝကို မိမိစိတ်ကြိုက် ဖြစ်ပိုင်ခွင့်၊ လုပ်ယူပိုင်ခွင့်မရရှိကြသည်ကို ဝန်ခံကြရမည်။ ထိုသို့မရသောကြောင့် ဘဝကို အရှုံးပေးရန်မလို။ အကြောင်းမှာ “လူတိုင်း မိမိဘဝကို စီမံပို်င်ခွင့်ရှိထားသည်” မဟုတ်ပါလား။ ရှင်ပေါလုအပါအဝင် ကျမ်းစာထဲမှ သူများကိုကြည့်လျှင် သူတို့ဘဝကို သူတို့စိတ်ကြိုက်ဖြစ် ပို်င်ခွင့်မရှိခဲ့ကြ။ သို့သော် ဖြစ်ပေါ်၊ ကြုံတွေ့ရသေအမှုအရာများထဲတွင် မည်သို့လုပ်ဆောင်ကြမည်၊ မည်သို့ ဘဝကိုပုံဖော်ကြမည်ဟူသော “စီမံနိုင်ခွင့်” ကိုတော့ရရှိထားကြပါသည်။
ဥပမာ - ယောသပ်သည် အဝတ်ချွတ်လျှက် ပေါတိဖာဇနီးအလိုကိုလိုက်မည်လား၊ အဝတ်ကို ချွတ်ပယ်ပြီး ဘုရားအလို ကိုလိုက်မည်လားဆိုသည့် အခွင့်အရေးကို ရရှိထားပါသည်။ ယောသပ်သည် ထိုအထဲမှာပင် ဘုရားအလိုကိုရွေးချယ်လျှက် ဘဝကိုတည်ဆောက်ခဲ့သောကြောင့် ကောင်းကြီးမင်္ဂလာဖြင့် ဘဝကို “အမြောင်လင်ငယ်” ဘဝဖြင့် မတိမ်မြုပ်ခဲ့ဘဲ တိုင်းပြည်အုပ်ချုပ်သည့်သူအဖြစ်ထင်ရှားသူတစ်ဦး အဖြစ်ကို ရရှိခဲ့ပါသည်။
၃။ အခွင့်အလမ်းနှင့် အကျိုးကျေးဇူး။
ဘဝတွင် မည်သို့ပင် ဆိုစေတော့ လူတိုင်း မတူညီသောအခက်အခဲများကို ရင်ဆိုင်ကြရမည်မှာ “မြေကြီး လက်ခတ်မလွဲပေ”။ သို့သော်လည်း ထိုကြုံရသော လောကဓံတရားကိုကြည့်လျှင် “ငါသည် သင့်အကျိုးနည်းစေခြင်းငှါ ကြံစည်သောအကြံအစည်မဟုတ်” ဟု ဘုရားသခင်မှ ဆိုထားလျှင် ထိုဖြစ်စဉ် နောက်တွင် အကြောင်းတရားနှင့် အကျိုးဆက်များကလည်း ရှိနေမည်ကို သတိပြုသင့်လှပါသည်။
ထိုအရာကို ကောင်းစွာနားလည်းခဲ့သည့်အတွက် ရှင်ပေါလုက “ထိုအမှုခပ်သိမ်းတွင်ကြုံသည်တွင် အထူးသဖြင့် အောင်မြင်သောအခွင့်ကိုရရှိကြသည်”ဟုဆိုနိုင်ခဲ့သည်။ ကျမ်းစာထဲတွင် ကျွန်တော်တို့၏ နေ့ စဉ်အမှုအရာများကို “အဆိုးအားဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အနိုင်ယူပါ”ဟု ဘုရားသခင် မိန့်မှာထား ပါသည်။
ဥပမာအနေဖြင့် “တစ်ပါးသူမှ ရန်ပြုခြင်းခံရပြီ” ဆိုပါစို့။ သူ့အား လက်တုန့်ပြန်မည်လား၊ အကြောင်း ရင်းရှာမည်လား၊ သည်းခံခြင်းဖြင့် အကောင်းဆုံး ဘဝကိုရှေ့ဆက်မည်လား။ အခွင့်အလမ်းများစွာရွေးချယ် ခွင့်ရှိနေပါသည်။ လက်တုန့်ပြန်လျှင် အကျိုးရလဒ်မှာ ရုံးရောက်ဂါတ်ရောက်ဖြစ်မည်။ အကြောင်းအရင်းရှာ လျှင်ပြဿနာရင်းမြစ်ကိုသိလာနိုင်သည်။ သည်းခံခြင်းဖြင့်ဘဝကိုရှေ့ဆက်လျှင် သင့်သီလ၊ သမာဓိနှင့် ဖြူစင်မှုတို့ ပိုမိုထင်ရှားလာမည်။
၄။ ဘဝအဖြေ။
ယုံကြည်သူများအတွက် ဘဝ၏ ဒုက္ခပြဿနာ သောင်းခြောက်ထောင်သာမက၊ ပူမှုဆယ်ကုဋေများ အားလုံးအတွက် ဘုရားသခင်မှာ အဖြေရှိထားပါသည်။ ထို့ကြောင့် ကျမ်းစာထဲတွင်ကြည့်သောအခါ “ထမ်းရွက်ရသော ဝန်တို့ကို ထာဝရဘုရားသခင်ရှေ့တွင်ချထားလော့၊ ဖြောင့်မတ်သောသူအား အစဉ်အမြဲ လှုပ်ရှားစေတော်မမူရာ” ဟုဆိုထားပါသည်။
“လောကဓံတရား”ဆိုသည်မှာ အသုံးချတတ်လျှင် ဘဝလှေခါးများပင်ဖြစ်ပြီး၊ မသုံးမချတတ်သူအဖို့ ဝန်ထုပ်ဝန်ပိုးနှင့် နွံပုံကြီးသာဖြစ်ပေသည်။
စာရေးသူ ထုတ်ဝေခဲ့သော သာဓကပဒေသာ စာအုပ်မှ ဥပမာတစ်ခုကို ပြောပြလိုပါသည်။
တစ်ခါက သမင်လေးတစ်ကောင်အား မနာလိုစိတ်ရှိသော ညီအစ်ကိုများက မုဆိုးထောင်ထားသော ကျင်းထဲသို့ပစ်ချပြီး အစဖျောက်ဖို့ကြိုးစားကြပါသည်။ ထိုသိုကျင်းထဲသို့ချပြီးနောက် သမင်လေးအား မြေမြုပ် နိုင်ဖို့ အပေါ်မှာမြေစာခဲများကို ပစ်ဖို့ကြသည်။ ထိုသို့ပစ်ဖို့ကြသော်လည်း သမင်လေးသည် ကျင်းထဲတွင် နစ်မြုပ်ခြင်းမရှိပဲ ကျင်းနှုတ်ခမ်းပေါ်သို့ ဘေးကင်းစွာဖြင့်တက်လာနိုင်ခဲ့သည်ကို တွေ့ရသည်။ အကြောင်းမျာ သူ့အပေါ်သို့ ပစ်ချသော မြေစာခဲများကို ဒီအတိုင်းထမ်းရွက်မထားပဲ ခါချလျှက် ခြေဖြင့်တက်နက်းခဲ့ရာမှာ အသက်ဘေးမှ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
ထိုသာဓကအတိုင်းပင် သင်နှင့်ကျွနု်ပ်တို့ ကြုံတွေ့ရသော လောကဓံတရားများအား ထာဝရဘုရား ခြေတော်ရင်းသို့ ချထားအပ်နှံကြမည်ဆိုလျှင် -------
“ထိုအမှုခပ်သိမ်းတို့ကို ခံရသည်တွင် ပိုမိုအောင်မြင်ကြ၏”
“အရပ်ရပ် အရာရာတို့တွင် ငါသင်မိပြီ”
“ငါသည် ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို တတ်စွမ်းနိုင်ပြီ”ဟု ကျွနု်ပ်တို့ဆိုနိုင်ပါပြီ။
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...