“ဝင်းမောင် မင်းမလည်းကွာ ဘုရားကျောင်းလေး ဝတ်ပြုအစည်းအဝေးလေးလာပါဦး”
“အလုပ်မအားလို့ မလာဖြစ်ဘူးဆရာရယ်”
“ဟုတ်ပါတယ်ဆရာရယ် ကျွန်မတို့လည်း လာချင်ပေမယ့် လက်လှုပ်မှ ပါးစပ်လှုပ်ရတော့ မအားလပ်သလို။ ဘုရားကျောင်းလာတော့ . . .”
“အေးမေကလည်းကွာ မအားရင်မအားဘူးပေါ့”
မဝင်းမေသည် ခင်ပွန်းဖြစ်သူ ဝင်းမောင်၏ စကားကြောင့် သူ့အားမျက်နှာပူစွာဖြင့် စကားကိုဖြတ်တောက်လိုက်သည်။
“အလုပ်မအားလို့ မလာဖြစ်ဘူးဆရာရယ်”
“ဟုတ်ပါတယ်ဆရာရယ် ကျွန်မတို့လည်း လာချင်ပေမယ့် လက်လှုပ်မှ ပါးစပ်လှုပ်ရတော့ မအားလပ်သလို။ ဘုရားကျောင်းလာတော့ . . .”
“အေးမေကလည်းကွာ မအားရင်မအားဘူးပေါ့”
မဝင်းမေသည် ခင်ပွန်းဖြစ်သူ ဝင်းမောင်၏ စကားကြောင့် သူ့အားမျက်နှာပူစွာဖြင့် စကားကိုဖြတ်တောက်လိုက်သည်။
Õ Õ Õ Õ Õ Õ Õ Õ Õ Õ
မိမိသည်အပါတ်စဉ် ဝတ်ပြုအစည်းအဝေးများတွင် သတိထားကြည့်မိသောအခါ အချို့သောယုံကြည်သူများမှာ တစ်လမက နှစ်လပင်ကျော်လွန်
လာသည့်တိုင်အောင် ဘုရား ကျောင်းသို့ မျက်နှာပြပင်မရောက်ကြကြောင်း သတိပြုမိလာသည်။ သည်နေ့လည်း ပုံနှိပ်တိုက်တွင် ဒုတိယအကြိမ် ထုတ်ဝေရန်
စာအုပ်ကို စီစဉ်အပြီး ဆင်းရဲသား ဆင်ခြေဖုံးရပ်ကွက်တွင်ရှိသော ယုံကြည်သူလူသစ် ဦးဘောဂတို့ မိသားစုထံဦးတည်သွားနေခြင်းဖြစ်သည်။
“ဦးလေးဘောဂ. . . ဗျို့ ဦးလေးဘောဂ”
ခေတ္တမျှ သုံးလေးခွန်းခေါ်ပြီး စောင့်ကြည့်နေစဉ်၊ အိမ်ဟုမဆိုသာ ကျေးလက်ဒေသ၏ နွားတင်ကုပ်သာသာရှိ ဓနိထရံတံခါးလေးပွင့်လာသည်။
ထို့နောက် ဦးဘောဂဟုအမည်ရသော်လည်း အမည်နှင့်မလိုက်အောင် လက်လုပ်လက်စား ဦးဘောဂနှင့်အတူ ဇနီးသည် ဒေါ်ခင်စိန်ကပ်ပါလာသည်။
“အော်. . . ဆရာလေးပါလား. . လာပါဗျာ.. အထဲဝင်လာခဲ့ပါ”
“အားနာစရာဖြစ်နေပြီ ဆရာလေးရေ. . .”
ဒေါ်ခင်စိန်မှ ပြောပြောဆိုဆို နှီးကျောဖျာကြမ်းကလေးအားခင်းလိုက်သဖြင့် အလိုက်သင့်ဝင်ထိုက်လိုက်သည်။ ထို့နောက်မိသားစုနှင့်အတူတူ သခင်
ဘုရား ထံတွင်ဆုတောင်းခြင်းဖြင့် အတူတကွ မိတ်သဟာယဖွဲ့ပြီး ပြန်ထွက်လာခဲ့သည်။
“ဆရာလေးနွေဦး. . . ဘုရားကျောင်းတော့မလာဖြစ်ပေမယ့် ကျွန်တော့်မိဘညီအကိုမောင်နှစ်မတွေကိုတော့ အမြဲမပြတ် သက်သေခံဝေငှနေတာ
အခုဆိုရင် ဦးလေး တို့အိမ်မှာ အပါတ်စဉ် အင်္ဂါနေ့တိုင် း မိတ်သဟာယဖွဲ့ဝတ်ပြုဖြစ်နေပါတယ်ဆရာ။ ဆရာလည်း အလျှဉ်းသင့်ရင်တော့ လာပြီးအားပေးပါဦးလို့
ဖိတ်ခေါ်ပါတယ် ဆရာလေးရယ်”
ဟူသော ဦးလေးဘောဂ ပြောလိုက်သောစကားကလေး တစ်ခွန်းက အပြန်လမ်းတွင် သူ့နားထဲမှမထွက် ပဲ့တင်ထပ်လျှက်ရှိနေသည်။
Õ Õ Õ Õ Õ Õ Õ Õ Õ Õ
အောင်မင်းသည် သူနှင့်အတူတူ ခရစ်တော်ဘုရားကို ယုံကြည်ဆည်းကပ်လာသူဖြစ်ပြီး၊ ယနေ့ထက်တိုင် ဘုရားအတွက် အတတ်နိုင်ဆုံး၊ ခွန်အား၊
ညာဏ်အား၊ ဓနအင်အားဖြင့် အများဆုံးပါဝင်သော်လည်း အသင်းတော်နှင့်ကား ခပ်စိမ်းစိမ်းနေတတ်သူဖြစ်သည်။
“ဆရာနွေဦးရယ်. . . ယုံကြည်သူတိုင်းကတော့ ဘုရားကျောင်းကန်နဲ့ပျော်ပျော်နေချင်ကြတာပါပဲဗျာ. . သူတို ့မှာလည်း သူတို့အခက်အခဲနဲ့သူတို့
နောက်ပြီး ဘုရားအကြံအစည်တော်ကလည်း သီးသန့်ရှိနေတယ်လို့ ကျွန်တော်ထင်တယ်”
“ငါးမှန်လျှင်ရေမှာမှ ရှင်သန်နေနိုင်တာကိုမင်းလည်းအသိပဲ အောင်မင်းရယ် အခုတော့ ယုံကြည်သူမှန်ရင်လည်း ဘုရားကျောင်းက
အမှီတကဲဖြစ်သင့်တာပေါ့. . . နောက်. . . ”
“ဒါဖြင့် ဆရာနွေဦးက အင်္ဂလိပ်လိုလည်းတတ်တယ်ဆိုတော့ ဒါလေးဖတ်ကြည့်ပါဦး”
သူ့စကားမဆုံးခင် အောင်မင်းမှ စကားဖြတ်လိုက်သည်။
နောက်အောင်မင်းထိုးပေးလာသော စာအပိုင်းအစေကလေးကို သူလှမ်းကြည့်လိုက်မိချိန်တွင် ကမ္ဘာကြီးသည် ခြားရဟတ်ပမာလည်ထွက်သွားသည်ဟု
ခံစား မိလိုက်သည်။
“It seems to me that the will of God is that I should not enter the Church at present. I cannot help still wondering
whether in these days when so large a porportion of humanity is submereged in materialism, God doesn’t want there to be some
men and women who have given themselves to Him and to Christ and who yet remain outside the Chruch”
“လက်ရှိအချိန်မှာ တော့ ဘုရားသခင်က ကျွန်မကိုအသင်းတော်ထဲမှာ မပါဝင်စေချင်ဘူးလို့ ခံစားရတယ်။ ယနေ့သာသနာ့အသိုင်းအဝိုင်းမှာ လူပေါင်း
မြောက်များ စွာက စည်းစိမ်ဥစ္စာနှင့် ဂုဏ်ပကာသန၊ ရာထူးတွေအောက်မှာ နစ်မွန်းနေကြတာကိုလည်း ဘယ်လိုမှ နားမလည်နိုင်စရာဖြစ်နေတယ်။ ဘုရားသခင်ကို
စိတ်နှလုံး အြွကမ်းမဲနှင့် အပ်နှံပြီး ခရစ်တော်ကို ဗဟိုပြုတဲ့ ယုံကြည်သူများကိုလည်း အသင်းတော်ထဲမှာ ပါဝင်ရန်အလိုတော်မရှိသေးဘူးလို့ ခံစားမိပါတယ်”
Õ Õ Õ Õ Õ Õ Õ Õ Õ Õ
ယနေ့သူ့စိတ်တွေပေါ့ပါးလွတ်လပ်နေသည်။
သူဌေးတစ်ဦးမှ ကျေးဇူးတော်ချီးမွမ်းပွဲအတွက် ဖိတ်ခေါ်ထားခြင်းကြောင့်မဟုတ်ပါ။
သိက္ခာတင်ပေးမည့်ပွဲသို့သွားနေခြင်းကြောင့်လည်းမဟုတ်ပါ။
အသင်းတော်အတွင်း ဆက်ကပ်ပါဝင်လာခဲ့လေသမျှသည်နေ့မှာအပျော်ရွှင်ဆုံးနှင့် သခင်ဘုရားအတွက် အကြေနပ်ကြီးကျေနပ်နေသည်ကား အခြား
အခြားသောအကြောင်းတရားတို့ကြောင့်မဟုတ်။
သွားနေသောခြေလှမ်း တစ်လှမ်းတိုင်းတစ်လှမ်းတိုင်းသည် ထက်အာကာသို့ ထိုးဖေါက်ကာ ချီတက်နေသည့်အလား ခံစားနေရသည်က “အင်္ဂါနေ့”
ဖြစ်နေသောကြောင့်ဟုဆိုလျှင်မှားအံ့မထင်. . . .။
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...