အတိတ် ဆိုတာတွေကလည်း ပြန်တွေးကြည့်ရင်တော့ မနေ့တနေ့ကလိုပါပဲ ဤ ဘဝမှာ လူရယ်လို့ဖြစ်လာခဲ့ရပေမဲ့ ပျော်ရွှင်စရာဆိုတာ ဘာမှ မရှိသလိုပါပဲ ကျွန်တော့ အမြင်ပေါ့ဗျာ။
အခြားသူအတွက် တော့ ဒီအရာက မှန်ကောင်းမှ မှန်မှာပါ ။ ဘဝမှာ အဖေဆိုကိုကောင်းကောင်း မသိခင် ၊ အမေဆိုတာကို ကောင်းကောင်း မသိခင်မှာ ကျုပ်ဘဝက မိဝေး၊ ဖဝေးဖြစ်ခဲ့ရတယ်။ အဘိုးအဘွားဆိုတာက မြေးဆိုရင် အနှစ်မို့ တုန်နေအောင် ချစ်ကြတာ သဘာဝလို့ဆိုကြပေမဲ့ ကျုပ်အတွက်တော့ မဟုတ်ခဲ့ပါဘူး။
ကျေးဇူးကန်းတာ မဟုတ်ပါဘူး အဘိုးအဘွားတွေကြောင့် ကျုပ်ဒီဘဝကို ရောက်ခဲ့ရတာကိုတော့ မငြင်းပါဘူး။ ဒါပေမဲ့ သားအချစ်မြေး အနှစ်ဆိုတဲ့ စကားက ကျုပ်အတွက်တော့ မမှန်ခဲ့လေပါဘူး ၊ ဒါက ဘဝအကျိုးပေးလား ၊ ဇာတာ အဆိုးလေးလား ဆိုတာတောင် မပြောချင်တော့ပေမဲ့ ဒါတွေက အခုတော့ အဆိုးထဲက အကောင်း ကလေးတွေပါပဲ။
အဖြစ်က ဒီလိုပါ ကျုပ် ၂ နှစ်သား အရွယ် ညီမလေး အခါမလယ် ခင်မှာ အဘိုး ၊ အဘွားမှာ အနှောင်းလေး ( ကျုပ် အဒေါ် ) ကိုမွေးတော့ ဘယ်မှာ နေရာရ တော့မလည်း ။ ဒီတော့ ခလေး ပီပီ ရှေ ့ ရေးမမြင်တတ်တော့ မြင်သမျလေးတွေကို ကြည့်ပြီး ဘဝကို စိတ်ကုန်ခဲ့တာက လူဖြစ်ရတာကိုပင် ဘဝင်မကျခဲ့ပါဘူး ။
သူများတကာတွလို အမေ၊ အဖေ ဆိုတာ သိချိန်မှာတော့ ကျုပ် သားမွေး၊ မယားကျွေးဆိုတဲ့ ဘဝတွေက ဝေးရာ လောကီရဲ့ အခြားဘောင်ရောက်သွားပါပြီ ။ နောက်ပြီး မိဘတွေ ဆိုတာက တကွဲတပြားစီဖြစ်နေကြပြီလေ ၊ မချစ် မနှစ်သက်လို့တော့ မဟုတ်ကြပါပဲ စစ်မှန်စွာ ချစ်ကြပါလျှက်နှင့် ဓနဂုဏ်တွေကြောင့် နှစ်ဖက် အပြိုင်အဆိုင်တွေကြောင့် ကျုပ်က အခါလယ် ညီမလေးက အမေ့ဗိုက်ထဲမှာ ကိုယ်ဝန်နှစ်လ ကလေးနှင့် ဝေးခဲ့ကြရပါသတဲ့ဗျာ ။
" သား အဖေလို့ခေါ်ပါလားကွာ အဖေလို့ခေါ်ရင် ငွေနှစ်ရာပေးမယ် "
အဖေက အိမ်မှာ လာလည်ရင်း ပြောနေခြင်းပါ။ နှစ်ရာတန် ပေါ်စဆိုတော့ နည်းတဲ့ငွေတော့ မဟုတ်ပါဘူး။ ဒါကိုကျုပ် ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ ကျုပ်လိုတာက ငွေမဟုတ်ဘူး မေတ္တာဆိုတာ အဖေက သိပုံ မပေါ်ဘူး။ ဒါက ကျုပ် ၁၉ ဆိုတဲ့ အရွယ်ကိုရောက်ခဲ့၍နောင်ရေး တမလွန် အတွက်၊ မျော်လင့်ခြင်း မရှိတဲ့ အဆုံး၊ မထူးဇာတ်ခင်းပြီး၊ မိဘကို မသေခင် ကျေးဇူးဆပ်မယ်လို့ဆုံးဖြတ်၍ လောကီတွင်းကို တကျော့ပြန်ဝင်လာချိန်ပေါ့။
"အဖေ . .အဖေ . .အဖေ . . အဖေ . .အဖေ"
"ကဲ့ သမီးက လာယူကွာ ရော့ ငွေ တစ်ထောင်"
"သား လည်းခေါ်ပါဦးကွာ "
" အဖေလို့ခေါ်တဲ့ ရတဲငွေ ထက် သားမှန်းသိပြီးပေးတဲ့ ငွေ တစ်ကျပ်ကို ပဲသားရချင်တယ်ဗျာ"
ကျုပ်တယ်လည်း အဖေကို အဖေမှန်း သိပေမဲ့ မခေါ်ခဲ့ပါတော့ဘူး ။ နောက်ပြီး အမေကလည်း နောက်အိမ်ထောင်နှင့် အဖေကလည်း နောက်အိမ်ထောင်တွေနှင့်မို့ မိထွေကလည်း မိထွေးလို့ ပြောရင်ပင် လူတွေ မယုံနိုင်လောက်အောင် ကောင်းပြီး ၊ ပထွေကလည်း တို့နည်းတူပါပဲ ကောင်းချက်ကတော့ ပထွေးလို့ပြောရင်ပင် လူတွေက "မလိမ်ကောင်းပါဘူးကွာ" ဆိုပြီး သတိပေးလောက်အောင် အထိကောင်းကြပါတယ်။
ခက်တာက ကျုပ်ပါ မှတ်ညာဏ်ကကောင်း လွန်းတော့ အားလုံးကို ကောင်းကောင်းကြီးသိနေတာ၊ နောက်ပြီး ငယ်ငယ် ကစပြီး မခေါ်ဘူးတော့ လုံးလုံး ကိုခေါ်ဘို့ ခက်ခဲလှသလို ၊ ဘာတွေကို စိတ်နာမှန်းမသိ လူ့ဘဝကို စိတ်ကုန်ခြင်းတွေကြောင့် ပင်ထင်ပါရဲ့ ခေါ်ရန်လည်း မကျိုးစားခဲ့ပါဘူး။ ဒါပေမဲ့ အမေကတော့ ပြောပါတယ်။
" ငမောင်ရယ် ( ဒါက ကျုပ်တို့အရပ်မှာ ချစ်စနိုးခေါ်ခြင်းပါ) ဘကြီးဆိုလည်း ဘကြီးပေါ့၊ အဖေဆိုလည်း အဖေခေါ်ပေါ့ကွယ် ။ အခုတော့ အိမ်ကလူကြီးဆိုတော့ ကြားမကောင်းပါဘူး တခုခုတော့ ခေါ်ပေါ့"
" ဟာ အမေကလည်း အဖေ လို့ခေါ်ရအောင်ကလည်း သား အဖေ အရင်းကြီးကိုတောင် မှ မခေါ်ဘူးတာ ဘယ်လိုခေါ်နိုင်မလည်း ၊ နောက်ပြီး ဘကြီးလို့ခေါ်ရအောင်ကလည်း အမေ့ခင်ပွန်း မကိုက်သေးပါဘူးဗျာ"
" ခက်တာပဲ သားရယ် "
ဟုတ်တယ်ဗျ အဖေအရင်းကို တောင် အဖေဆိုတာ မခေါ်တတ်တော့ လောက်အောင် ကျုပ်ဘဝက အမှောင်တွေ ဖုံးလွှမ်းနေခဲ့တာပါ။
" ငမောင် . . ငမောင်"
ဆိုတဲ့စကားတွေကို ကြည့်ခြင်းအားဖြင့် သူတို့ ကျုပ်ကို ဘယ်လောက်ချစ်တယ် ဆိုတာ သိပေမဲ့ ကျင့်သား ရနေတဲ့ ကျုပ် နာမှန်း မသိလောက်အောင် ထုံနေခဲ့တာက အသိခေါက်ခက်နှင့် အဝင်နက်နေသူ သက်သက် ဆိုတာ ဝန်ခံပါတယ်။
အမေ သာမက အဖေ အရင်းရော ၊ ဒုတိယ အဖေရောပါ စိတ်နေ စိတ်ထားတွေက ပြောမဆုံးနိုင်အောင်ကို ကောင်းကြတာ ကျုပ်ကောင်းကောင်း သိပါတယ်၊ ယနေ့ အချိန်ထိ မမေ့နိုင်စရာ မြင်ကွင်းကလေး ကျုပ်ပြောတာကို ၊ ကိုယ့်လူကတော့ ယုံချင်မှ ယုံမယ်၊ ဒါပေမဲ့ ဒါတွေက တကယ် အဖြစ် အပျက်ပါဗျာ။ ကျုပ် အဖေ နှစ်ယောက် အကြောင်းပေါ့ဗျာ၊ ကျုပ် ရွာလယ် ကအပြန်မှာ ပေါ့ဗျာ။
" ကောင်းမြတ် . . ငါ့မိန်းမ ငါ့ကိုပြန်ပေးကွာ"
အရက်ရေချိန်ကိုက်ပြီး မူးနေသံဖြင့် ကျုပ်အဖေက၊ ကျုပ်ရဲ့ဒုတိယ အဖေကို ပြောနေတာ အဘိုး၊ အဘွားအိမ်မှ အမေ့ အိမ်ကို အလယ်လာတဲ့ ကျုပ်ကြားတော့ အိမ်ပေါ် မတက်သေးပဲ၊ နားစွင့်နေရင်း ဝရမ်တာ ခွေးခြေခုံမှာ ကျုပ်ရပ်နေလိုက်တယ်။
"ခေါ်သွားလေကွာ မင့်ကလည်း၊ အထွေးရေ လိုက်သွားမလား"
အရက်ကို အတူတူသောက် နေကြတဲ့ မြင်ကွင်းမှ ကြားနေရတဲ့ အသံပါ၊ သူတို့ဒီလောက် ချစ်လျှက်နှင့် လွဲကြရတဲ့ အခြေမှာ ကျုပ်ဘဝကမြေစာပင်ပေါ့၊ အရာရာအားလုံးရဲ့ဖြစ်ရပ် တွေက ဓနဂုဏ်တွေကြောင့်ပါ၊ နောက်ပြီး ကျုပ် အိမ်ကို အလယ်သွားတိုင်း ရံဖန်ရံခါ အမေတို့ စကားများနေတာ တွေ့ရင်.. . .
"ဘာကြောင့် အမေ့ကိ ယူတာလည်းပြောပါဦး"
"ချစ်လို့ယူတာပေါ့ ငမောင်ရာ"
"ဒါဆိုရင် စကားများ ရန်မဖြစ်ကြနဲ့ပေါ့ဗျာ"
"အေးပါ ငမောင်ရယ်"
ဆိုပြီးသာ ပြန်ပြောပြီး ငြိမ်သွားတတ်တာတွေက အဆိုးထဲက အကောင်းတွေဖြစ်ပေမဲ့ ကျုပ် သူတို့ကို အဖေ ခေါ်ဘို့လုံးလုံး စိတ်မကူးခဲ့နိုင်ပါဘူး၊သူတို့ ကလည်း လုံးလုံး လက်လျှော့ လိုက်ကြတယ်ဆိုပါတော့ဗျာ။
မှတ်မှတ်ရရ နေ့ကလေး တနေ့ပေါ့ဗျာ . . အဲ့ဒီနေ့က ကျုပ်ဘဝကို လုံးလုံး ပြောင်းလဲစေနိုင်ခဲ့တာ ပြောရရင် ဒီလိုပါ။
" ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့ အတွက်ကြောင့် အသေခံတော်မူသည် ဖြစ်၍ ဘုရား သခင်သည် ငါတို့အား အဘယ်မျလောက် ချစ်တော် မူသည်ကို ထင်ရှားစွာပြတော်မူ၏"
ခရစ်ယာန်တွေကို ကျုပ်လုံးလုံး ကြည့်မရခဲ့ပါဘူး ။ ဒါမှန်သော သစ္စာစကားပါ၊ ကျုပ်မုန်းတဲ့ ခရစ်ယာန် တွေကို အမြင်ကတ်ကတ်ဖြင့် အနိုင်လိုခြင်တဲ့ စိတ်တွေကြောင့် တရားစခန်းကို လိုက်သွားခဲ့တာပါ။ ဒါပေမဲ့ ထူးဆန်းနေတာက ကျုပ်ဘယ်လိုမှ ထင်မှတ်မထားတဲ့ ဘဝဒုက္ခမှ လွတ်မြောက်ရာ လမ်းစဉ်ကို တွေ့ရှိလိုက်ရခြင်းပါပဲ ၊ နော်ကဆုံး အသက်စွန့် ပူဇော်ပြီး ကယ်တင်ခဲ့တဲ့ ကယ်တင်ရှင်ရဲ့ အထက်ပါ ကျမ်းစကားက ကျုပ်ဘဝ အခြေအနေကိုအတော် ကလေး ံနမေအ ထိစေတယ်ဗျာ၊ ဒါ့ကြောင့် တရားစခန်း အပြီးမှာ ကျုပ် ခရစ်တော်ကို လက်ခံ ယုံကြည်ခြင်း မရှိခဲ့ပေမဲ့ အပြင်မှာ ၃-၄ ရက်မျ ဆက်လက် လေ့လာရင်း ယေရှုခရစ်တော် အသက်ထင်ရှားရှိတယ် ဆိုတာကို "ထာဝရ ဘုရားကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့၊ ကိုယ်တော်ကို ခိုလှုံသောသူသည် မဂ်လာရှိ၏" ဆိုတဲ့ ကတိတော် အတိုင်း ဘုရားရှင်ကို ခေါ်ဖိတ်ကြည့်ရာမှ အသက်ရှင်ကြောင်းသိလာရပြီး၊ စာတွေ့၊ လက်တွေ့သာမက ၊ မျက်တွေ့ဖြင့် သက်သေထူတဲ့ တဆူတည်းသော ဘုရားရှင်ကို ခန္ဒာ ၊ စိတ်၊ ဝိညာဉ် သုံးပါးလုံးကို ကိုးစားပုံအပ်ပေးလှုရန်ဆုံးဖြတ် လိုက်ပါတယ်။
ထိုနေ့မှာနှစ်ခြင်း မဂ်လာကို ယူပြီး ရွာကို ပြန်ရောက် ရင်ရောက်ခြင်း ပဲကျုပ် အဖေကို
" အဖေလို့ခေါ်လိုက်တယ် "ကျုပ်အဖေ က နားကြားမှားတယ်ထင်ပြီး၊ အတော်ကလေးကြာသည် အထိ စကားတောင် မပြောနိုင်တော့ဘူး။ မျက်ရည်တွေဖြိုင်ဖြိုင်ကျပြီး နေလိုက်တာက မမျော်လင့်နိုင်ခဲ့တဲ့ စကားကို ကြားလိုက်ရလို့ပေါ့ဗျာ။
နောက် ကျုပ်ရဲ့ ဒုတိယ အဖေ (ခေတ်အခေါ် - ပထွေး) က "အဖေ " ဆိုတဲ့ ကျုပ် ခေါ်သံကိုကြား ပြီး စိတ် မထိန်းနိုင်တော့လို့ ၊ ကျုပ် နှင့် တွေ့ပြီးနောက် ဘုံဆိုင်မှာ သွားကာ အရက်သောက်ပါလေရော့၊ ကျုပ်ဒီသတင်းကို သိတော့ နောက်နေ့မှာ... ...
" အဖေ တခွန်းခေါ်တာ အရက် တခါသောက်တယ် ဆိုရင် ဆယ်ခွန်းခေါ်က ဆယ်ခါ သောက်မှာမို့ အဖေလို့ သားမခေါ်တော့ဘူး "
" ဒီလိုတော့ မလုပ်ပါနဲ့သားရယ် အဖေ မသောက်ပါတော့ဘူး ။ အဖေ တကယ် မသောက်ပါတော့ ဘူး အဖေ ကတိပေးပါတယ် သားရယ် "
ကျုပ် အရမ်းသနားသွားတယ်ဗျာ ၊ တကယ်လည်း မသောက်တော့တာက သက်သေတွေအဖြစ်မြင်နေရပါတယ်။ ဒါက မေတ္တာရောင်ပြန်ဆိုတာ မှန်တယ် ။ ကျုပ် အရင်က အဖေကို အဖေ မှန်းသိပေမဲ့ လုံးဝ မခေါ် နိုင်သလို၊ လုံးဝလည်း ခေါ်ချင်စိတ်မရှိခဲ့ဘူး။ ခရစ်တော် ရဲ့မေတ္တာတရားက ကျုပ်ဘဝကို လုံးလုံး ပြောင်းလဲပြစ်စေနိုင်ခဲ့တာပါ။
အခုကျုပ်မှာ ခရစ်တော် ကြောင့် တမလွန် အတွက်သာမက ယခုဘဝမှာပင် ဧငြိမ်းတဲ့ ဘဝ နှင့် ပျော်ရွှင်ဖွယ် ဘဝလေးကို ရရှိစေခဲ့ပါပြီ၊ ဘဝ အခြေကိုကြည့်ပြီး ရင်နာခဲ့ဘူးပေမဲ့ ကျုပ်အခုတော့ ကျေးဇူးတော် ချီးမွမ်းတတ်လာပါပြီ၊ ကျုပ်မှာ မိဘ ခြောက်ပါးရှိတယ်။
အားလုံးကိုခြုံကြည့်တော့ " ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော် မူခြင်း အတိုင်းခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသော အရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏" ဆိုတဲ့ ရောမ ၅း၈ ကတိတော်ဟာ တိုက်ဆိုင်ခြင်းမဟုတ်။ တည်မြဲသော ကတိတော် စကားသက်သက်ကြောင့်သာ ယခု ခရစ်တော်ရဲ့ မေတ္တာတရားအောက်မှာ မိသားစုတွေ သိုက်သိုက်ဝန်းဝန်း ဖြင့်ပျော်ပျော်ရွှင်ရွှင် သာယာသော မိသားစုဘဝ ဆိုသော အခွင့်ထူး ကလေးကို ရရှိ ပိုင်ဆိုင်ခဲ့ရပါပြီ။

"ဓမ္မ အဆွေများ အမောပြေကာ အစ ဉ်ခိုင်ခန့်စေဖို့ "
နာမတော်မြတ်၌
Samuel Soe Lwin
Samuel Soe Lwin
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...