အတူစားသွား ငယ်ပေါင်းအလားသို့
ပြောလည်းမနာ ဆိုလည်းမနာဘူး
အမြဲဖေးကူ တွဲကာထူ့လျှက်
ကြီးပြင်းကာအရွယ်ရောက်...
အတ္တမနှောတဲ့ ဒို့နှစ်ယောက်။
တွေးခေါ်လူပ်ရှား ဘဝဖေါ်အလား
ကင်းမဲ့မုသာ သံသယမပါဘူး
ရှေ့ထားအကြင်နာ အောင်မြေသာလျှက်
တည်ဆောက်ဒီအခြေရောက်
အာဃာတ မနှောတဲ့ဒို့နှစ်ယောက်။
အတ္တမနှော အာဃတမရောတဲ့
မင့်နဲ့ငါ ပိုင်မေတ္တာဟာ
ပွားများသတိ အစဉ်ရှိလျှက်
လိုနေသူတိုင်း ဝင်ဆင်နွှဲဘို့
စွန့်လွတ်ရန်လည်း အသင့်ဘဲနော် ။ ။
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...