မာယာပေါကြွယ် လူ့နယ်ပယ်တွင်း
ကြောက်လန့်ထိတ်ဖြာ စိတ်ဗျာပါခတ်
ပုန်းကွယ်ကြိုးစား ပြုလေငြားလည်း
ဒီဘေးရန်စွယ် ငါမလွတ်နိုင်။
ဓါး၊လှံလက်နက် တွယ်ကာဖက်လျှက်
ထင်ရာတောဆိုင်း ရင်ဆိုင်နွှဲလည်း
ရိုးကြေရေခမ်း ပြုချေစွမ်းပ
ဒီဘေးရန်စွယ် ငါမအောင်နိုင်။
အတ္တအမှား အကျိုးဆက်များသိ
ဝေးစွာရှောင်လေ အလွဲမြေအား
သံန္နိဌါန်ချ ပြုကာကြမှ
ဒီဘေးရန်စွယ် အမှန်လွတ်နိုင်မယ် ။ ။
ဆယ်မြူရယ်စိုးလွင်
ကြောက်လန့်ထိတ်ဖြာ စိတ်ဗျာပါခတ်
ပုန်းကွယ်ကြိုးစား ပြုလေငြားလည်း
ဒီဘေးရန်စွယ် ငါမလွတ်နိုင်။
ဓါး၊လှံလက်နက် တွယ်ကာဖက်လျှက်
ထင်ရာတောဆိုင်း ရင်ဆိုင်နွှဲလည်း
ရိုးကြေရေခမ်း ပြုချေစွမ်းပ
ဒီဘေးရန်စွယ် ငါမအောင်နိုင်။
အတ္တအမှား အကျိုးဆက်များသိ
ဝေးစွာရှောင်လေ အလွဲမြေအား
သံန္နိဌါန်ချ ပြုကာကြမှ
ဒီဘေးရန်စွယ် အမှန်လွတ်နိုင်မယ် ။ ။
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...