အတူနေစဉ်
ဂရုမထားအား
ကြင်နားသနားတဲ့
အို..မေမေ
မျက်မှောက်ရှိစဉ်
တန်ဘိုးမထားအား
ယုယတတ်တဲ့
အို..မေမေ
ဆိုဆုံးမစဉ်
အကောင်းမမြင်အား
လမ်းပြတတ်တဲ့
အို..မေမေ
ဖေးကူမစဉ်
တန်ဘိုးမထင်အား
အမြဲပဲ့ပြင်
အို..အမေအမြဲစဉ်
မေမေ..
မေမေ..
သားရင်ခွင်မှ
အမြဲတမ်းတ
စဉ်သတိယသည်
အနှိုင်းမဲ့မေတ္တာ
သားမေမေသာဤကမ္ဘာမှာ ။ ။
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...