အချစ်ဆိုတာအပြောလွယ်
အတွေ့ခက်ပြီး.........
ကြုံလာတော့လည်း
သူငါမခွဲ
နစ်ပျော်ဝင်မြဲ........
နောက်တော့
တချို့ကပြောတယ်
အချစ်ဆိုတာ
သကာထက်သာတယ်.....
အချို့ကတော့
တမာထက်သာတယ်......
ဟိုလို သည်လို
လူတွေဆိုတော့
အချစ်မတွေ့သေးတဲ့ငါ
အချစ်ကိုဖွင့်ဆိုလိုက်ချင်တာက
လမင်းကိုမျော်
သူငယ်ကိုတေးချော့တေးလိုဘဲ
အချစ်ဆိုတာ
စောင့်ရင်းနဲ့မောရတဲ့
ရင်မောခြင်းတခုရယ်ပါဘဲ......။ ။
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...