တကယ်တမ်းဘဝမှာ
လိုတာတွေလည်းရ
စိတ်ဘဝင်တွေလေဟပ်လည်း
ရုတ်ခြည်းကြုံလာ
လောကဓံဖြာတော့
ဘယ်မမေ့နိုင် ယနေ့တိုင်...
ပညာအရာကြွယ်
ဒီဂရီတွေထောင်ရာပုံ၍
ပကာသနလေဟပ်နေလည်း
ရုတ်ခြည်းကြုံလာ
ပြဿနာငင်တော့
ဘယ်မမေ့နိုင် ယနေ့တိုင်....
ဘယ်မမေ့နိုင် ယနေ့တိုင်ထိ
သူသူငါငါ
မညာနိုင်ပါဘူး
ဥစ္စာကြွယ်သည်ရှိ
မကြွယ်သည်ရှိ
ပညာဝင့်သည်ရှိ
ပညာမဝင့်သည်ရှိ
သူငါမမေ့တာ
မိဘ နှစ်ဖြာပါ ။ ။
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...