ဇနပုဒ်မှာမွေး သားနောင်ရေးတွက်
မွေးမြတ်ရှင်အား ရည်ပန်းသွင်ကား
ပညာဝင့်ထယ် ဂုဏ်တင့်နိုင်ရေး
စွမ်းစွမ်းတမံ စီမံကာပေး
နှိုင်းတုမရ ဖေ၊မေ့အကြံမြတ်။
ဘဝပေးအချေ ငဲ့ကွက်မနေဘဲ
သားမောင်အတွက် ဖေ၊မေ့လက်က
ထောက်မပံပိုး ဂုဏ်ရည်တိုးဖို့
" လိုတရ"အမြဲ စောင့်မပေးသည်
နှိုင်းတုမရ ဖေ၊မေ့ဘဝ။
ဖေဖေ...မေမေလို့........
မိုးမြေဆုံးစေ ရွက်ဆိုနှေ၍
ပဲ့တင်သံတွေ ညံလွင်နေလည်း
ဋီကာချဲထွင် ဉာဏ်ရည်ပင်ကုန်စေတော့
"မိဘ " အဓိပ္ပာယ်
အကုန်မြင်ဖို့တော့တကယ်မလွယ်။ ။
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...