ပြန်လည်တွေးကာ
ကြည်နူးသာဆဲ
မှတ်မထင်မြင်
သဲလှိုက်ဘဝင်စွဲ
မင့်ရဲ့မေတ္တာ
ကရုဏာကား
ရေးဖွဲ့၍မမှီ
ပြော၍လည်းမကုန်ပြီ.....
မမြင်ခင်မှာ
အထင်တွေမှား
မင့်ရဲ့အသွားအလာ
အကျင့်အကြံအား
ကြိုတင်အထင်မှား
ငါတွက်ထားခဲ့
လက်တွေ့ကြုံလာ
အလွန်မှားတဲ့ငါ .......
အခုတော့
အပြောနဲ့မဟုတ်
လက်တွေ့သယုတ်မို့
ဘေးပြောတာကိုငါမယုံ
သွေးပြောစကားကိုငါယုံလျှက်
ဘယ်သူဖျက်ဖျက်
မင့်နဲ့ငါတော့ဘယ်ခါမပျက်ပေါ့....။ ။
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...