အချိန်ကား ၁၉၉၉ နှစ် ဦးအစဖြစ်ပြီး၊
ရာသီ ဥတုကတော့ နှစ် ဦးနှင့်မတူ ပူပြင်းနေသော နေမင်းသူရိန်ရဲ့ အစွမ်းကုန် ဒုက္ခပေးနေခြင်းကို သူရင်ဆိုင်ရန် အသင့်ဖြင့် နေမင်းသူရိန်ကို မော့ကြည့်ရင်း အိမ်မှ အသာ ခေါင်းငုံ့ကာထွက်လိုက်သည်၊ ဘဝမှာ ဖြစ်ကတတ်ဆန်း နေထိုင်၍ သမားရိုးကျလမ်းစ ဥ်ကို သူမနှစ်သက်လိုပါချေ။
ဘာပဲဖြစ်ဖြစ် အဆိုးအကောင်း ဒွန်တွဲနေသည့် လောကကြီးကို သူရင်ဆိုင်ရပေတော့မည်။ ဘဝ ဆိုတာ တိုက်ပွဲဟူ၍ သိပင်သိငြားသော်လည်း ယခုလိုမျိုး အမြန်နှုန်းဖြင့် ရင်ဆိုင်ရတော့မည်ဟူ၍ကား ထင်မှတ်မထားခဲ့သောကြောင့်၊ မဝံ့မရဲဖြစ်မိသည်က အမှန်ရယ်ပါ။
လောကကြီးအတွင်းသို့ ဝင်ရောက်ရန် ခြေလှမ်းစတင်ရန် လမ်းလျှောက်စတင်စ ကလေးကဲ့သို့ခံစားမိသော်လည်း၊ ဘုရားရှင်သည် မနေ့၊ ယနေ့၊ နောင်ကာလ စသော ကာနှစ်တန် မပြောင်းလဲသော ဘုရားဖြစ်သည်ကို သိသောစိတ်ကြောင့် အလိုလို ရင်တွင်းမှာတော့ မသိမမြင်နိုင်သော အားအင်တွေက စီးဆင်းဝင်ရောက်နေသည်ကိုတော့ အလိုလိုသိနေသည်။
"နှုတ်ဆက်ခဲ့ပါတယ်အဖေနှင့် အမေရယ်၊ သားတို့တနေ့ပြန်ဆုံနိုင်စေရန် သားဆန္ဒပြုနေမှာပါအမေ"
သူတီးတိုးစကားကို ညှင်သာစွာဆိုလျှက်၊ နောက်ဆံတင်းသော သံယောဇ ဥ်ဖြင့် အူဝဲဆိုသော အရွယ်မှ ၊ ယခု နှစ်ဆယ်ဆိုသော အသက်အရွယ်အထိနေလာခဲ့သော အိမ်ဂေဟာလေးအား လှည့်ကြည့်လိုက်ရင်း၊ ဦးခေါင်းကိုခြာကနဲလှည့်လိုက်ပြီးနောက်၊ သူ၏ ခြေတို့က ရှေ့သို့သာ ဦးတည်ရန် အလိုလို သူ့အား ဥိးဆောင်ခေါ်ဆောင်သွားခဲ့လေပြီ။
သူရွာမှ စတင်ထွက်ခွါလာသည်နှင့် အတူတူ အလိုလိုနေရင်း စိတ်တွေက တကြော့ပြန်လည်စေသလား၊ သို့မဟုတ် ပဲ့တင်သံဟူ၍ပင် ဆိုရလေမလား၊ သူ၏ နားထဲသို့ အသံများဝင်ရောက်လာသည်။
" နွေ ဦး အိမ်မှာနေလိုသလား၊ ဒါမှမဟုတ်ထွက်သွားလိုသလား ကြိုက်တာရွေးပါ ၊ဒါနောက်ဆုံးအခွင့်အရေးပဲ၊ ငါ့မြေး"
" ကျွန်တော် အိမ်မှာနေချင်ပါသေးတယ် အဖေကြီး၊ ဒါပေမဲ့ နှုတ်ပိတ်နေဖို့ကတော့ ကျွန်တော်သူများပြောလို့ ယုံတာဆိုရင်တော့ အသာနေလို့ရမှာပါ၊ ဒါပေမဲ့ ဒါတွေအားလုံးက တကယ့် အဖြစ်အပျက်တွေဆိုတာ အားလုံးကလည်း အသိမို့ ပြောနေတာပါ အဖေကြီးရယ် "
" နေချင်ရင် မပြောနဲ့ ၊ ပြောမှာဆိုမနေနဲ့ ဒါရှင်းတာပဲကွာ "
" အဖေကြီးရယ် သူများချိုတယ်ဆိုတိုင်းချိုဖို့မဟုတ်သလို ၊ သူများခါးတိုင်းလည်း ခါးဖို့မှ မဟုတ်တာအဖေကြီး၊ ခါးတယ်ဆိုရင်ပယ်၊ ချိုတယ်ဆိုရင်စားနိုင်ဖို့ မြည်းစမ်းကြည့်လိုက်ပါအဖေကြီးရယ်"
" ဒါဆိုမင့်ယေရှုက ချိုတယ်ပေါ့၊ ဟုတ်လား"
အတွေးစများက တဖြည်းဖြည်းစိတ်တွင် မှိုင်းအသွင်ထနေသကဲ့သို့၊ ခြေလှမ်းတို့ကလည်း တဖြည်းဖြည်း သွက်လက်လာက ရွာနှင့် ဝေးမှန်းမသိဝေးလာကာ ကလေးလမ်းဆုံသို့ပင် ရောက်လာခဲ့ပေပြီမို့၊ ရှုပ်ထွေးနေသော ကားများကို သေချာစွာသတိထား ရှောင်ရှားရင်း တာဟန်းသို့ ဦးတည်သွားနေမိသည်မှာ ညောင်းညာကိုက်ခဲရမည်ကိုပင် သတိမရအားတော့ပေ၊ အဆိုးထဲက အကောင်း အိမ်မှ ထာဝရထွက်ခွါခွင့်ကို ကိုင်ဆောင်ရင်း ရှေ့ဆက်၍ အသက်ရှင်တဲ့ဘုရားအကြောင်းကို တိုး၍သိလာရတော့မည်ဆိုသော အတွေးများဖြင့် အမျိုးအမည်မသိ ပျော်ရွှင်နေမိသည်။
" ဟေ့. မောင်နွေ ဦး ဘယ်ကိုလည်းကွ "
"ဒီနားလေးတင်ပါ ဦးလေးသောင်း"
တံတား ဦးကိုအလွန် အာရ်တီစီရှေ့အရောက်မှာတော့၊ ရွာမှ ဦးသောင်းတင်ကိုလှမ်းမြင်နေရသည်၊ ဧကန်တ ဥိးသောင်းတင် တာဟန်းစျေးတွင် စျေးဝယ်ရာမှ အပြန်ပင်ထင်သောကြောင့်၊ သူ၏ နှုတ်ဆက်စကားအား သူပြန်ဖြေလိုက်သည်။ သို့သော် သူထင်သလို ဦးလေားသောင်းက ဆက်မသွားသေးပဲ သူ၏ ဟီရိုးစက်ဘီးလေးအား အသာအယာ ဆင်းတွန်းရင် သူရှိရာသို့ရောက်လာလေသည်။
" ဒါနဲ့ စကားမစပ် ငါကြားတာမှားရင်လည်း စိတ်မဆိုးနဲ့နော်၊ ဟိုလေကွာ မင့် ခရစ်ယာန်ဖြစ်သွားပြီးဆို၊ စိတ်တော့ မရှိနဲ့နော် ဦးလေးက သိချင်တာကို ရှင်းရှင်းလင်းလင်းသိရမှ ကျေနပ်တာကွ "
ဦးလေးသောင်းအား သူလေးလေးစားစား ကြည့်ရင်းဖြင့် ၊ စကားဆက်ပြောရန် ခေတ္တရပ်လိုက်သည်။ ဦးလေးသောင်းကလည်း သူရှိရာသို့လာကာ သူ့အားလက်ကိုကိုင်ဆွဲရင်း အနီးနားမှ လှိုင်မြန်မာ ကဖေးဆိုင်သို့ ဦးဆောင်၍ ခေါ်သွားသည်။ သူလည်း အလိုက်သင့်လိုက်ပါရင်း ခုံအအားတခုကိုဆွဲယူရင်း ဝင်ထိုင်လိုက်သည်။
"မင့်ဘာသောက်မလဲ မှာကွာ၊ ဦးကတော့ ဟေ့ ချိုစိမ့် တခွက် "
" လိုက်ချီး တလုံးပေးပါ"
အနားမှာ ရောက်လာသော စားပွဲထိုးလေးအား ၊ မှာရင် ဦးလေးသောင်းက စကားဆက်သည်။
" ငါ့တူ ဘာပဲဖြစ်ဖြစ် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်တဲ့ကွ၊ ကိုယ်ယုံကြည်ရာ ကိုးကွယ်မှ တော့ အဆုံးတိုင်အောင် လုပ်ပါကွာ၊ ဦးလေး မင့် အကြောင်းကြားပါတယ်၊ ဘာမှ စိတ်မကောင်း မဖြစ်နဲ့ လူဆိုတာက ကဲ့ရဲ့ ခွန်နှစ်ရက် ချီးမွမ်း ခွန်နှစ်ရက် မင့်က ငါ့ထက် ပိုသိပါတယ်ကွာ "
" ဟုတ်ကဲ့ပါ ဦးလေးသောင်း ကျွန်တော့်ရဲ့ ကိုးကွယ်မှုမှာ သေသည်အထိ သစ္စာရှိရှိ ဆက်ကပ်သွားမှာပါ ဦးလေးသောင်း "
ဦးလေးသောင်းနှင့် လဘက်ရည် သောက်အပြီး သူလမ်းခွဲ လိုက်ပေမဲ့ သူ့စိတ်တွင် ဦးလေးသောင်း ပြောဆိုခဲ့သော စကားတို့က ဘယ်လိုမှ မေ့ပျောက်နိုင်စွမ်းကင်းသော ရင်တွင်း၌ရေးသော မှင်စာ သဖွယ် ရင်တွင် တနေရာတွင် စွန်းထင်တင်ကျန်ရစ်လေတော့သည်။
ØØØØ ØØØØ ØØØØ ØØØØ
တာဟန်းမရောက်ခင် သူသွးရမည့် နေရာက စမ်းမြို ့နယ်မြေ ၅ ဖြစ်သောကြောင့် စမ်းမြို့အရောက်တွင် သူဘကျင်္ာဘက်သို့ ချိုး၍ ကွေ့လိုက်သည်၊ နောက် ဆရာမ အိမ်ရှိရာသို့ ဦးတည်လိုက်လေသည်။ နွေးထွေးသော ဆရာ/ ဆရာမ များရဲ့ သွန်သင်လမ်းပြပေးမှုကောင်းများကြောင့် သူဓမ္မပညာဆည်းပူးရန် အခွင့်သာခဲ့လေသည်။ ထို့ကြောင့် ဓမ္မပညာသင်ကျောင်းတွင် လုံလောက်၊ ကောင်းမွန်စွာ သင်ကြားဆည်းပူးနိုင်ရေးအတွက် သူ အသင်းတော်မှ ဆက်သွယ်ပေးသော တောင်သူ ဦးပါးရ်လျှန် တို့ ပဲခင်းတွင် ဝင်ရောက်လုပ်ကိုင်ရန် ဆုံးဖြတ်လိုက်သည်။ နေမင်းရဲ့ အပူရှိန်က ပူပြင်းသည်မှာမှန်၏ သို့သော် သူ၏ရင်တွင်းမှာ ရှိနေသော မိသားစုဝိညာ ဥ်ရေးလောက်တော့ ပူနိုင်စွမ်းမရှိပါသောကြောင့် သူပဲခင်းတွင် မနက် ၆ နာရီမှ ၁၀ နာရီခွဲ အထို လုပ်ကိုင်ရင်း နေ့ခင်းတွင် ဦးယျာ ဥ်ဖက်သို့ မြစ်ကိုကူးရင်း ပြောင်စာများကို သွားရောက် ချိုးလေသည်။အိပ်ပြန်ရောက်တော့ ပြောင်စာများကို ခြောက်ရန်လှမ်းပြီး၊ ခြောက်သောအခါတွင် သူ တံမြက်စည်း ထိုးလေသည်။
"ဟယ် မောင်နွေ ဦးနှင့် နှင်းအောင် ဘာတွေလုပ်နေတာလည်း "
"ကဦး (ချင်းလို = အဒေါ်) တံမြက်စည်း ထိုးနေကြတာပါဗျာ "
" ဒါဆို ငါလည်းယူမှာပေါ့နော် နောက်ပြီးငါ့အသိမိတ်ဆွေတွေကိုလည်း မေးပေးကြည့်မယ်၊ ဒါနဲ့ နန်းမာ တို့ ကျောင်းက ဘယ်တော့ လောက်သွားမှာလည်း ကြိုပြောထား ဦးနော် "
" ဟုတ်ကဲ့ပါ ကျွန်တော်ပြောပါ့မယ်"
ပဲခင်းတွင် လုပ်ဆောင်စရားများပြီး၍ အနားယူချိန်တိုင်းသူသည် မြစ်တဖက်သို့ သွား၍ ပြောင်စာများကိုချိုးကာ တံမြက်စည်းလုပ်လေသည်၊ အားလုံးကလည်း စေတနာဖြင့်၊ သက်သက်မဲ့ကူညီချင်သောစိတ်၊ အမှန်လို၍ စသည်ဖြင့် လုပ်သမျ တံမြက်စည်းများသည် လောက်သည်ပင်မရှိပေ။ ဤသို့ဖြင့် တနေ့ပြီးတနေ့ ကုန်လာသည်မှာ ဓမ္မပညာသင်ကျေင်းသွားရန်အတွက် စုဆောင်းထားသောငွေသည် ၁၅ဝဝဝ ပင်ကျော်လာလေပြီ၊ သို့တိုင်အောင် သူသည်ဓမ္မပညာသင်ကျောင်းတွင် ငွေလုံလုံလောက်လောက်ဖြင့် သင်ယူဆည်းပူးလိုသောကြောင့်၊ ငွေရှာဖွေခြင်းကိုကား ဆက်၍လုပ်ဆောင်နေသည်။ ထိုနေ့သည်ကား သူဘယ်လိုမှပင် ထင်မှတ်မထားသော လောကဓံဟုပင် ဆိုရလေမည်လား၊ သို့မဟုတ် သခင့်ရဲ့အကြံတော်ပေလား သူဝေခွဲ၍ပင် မသိနိုင်တော့ပါပေ။
" မောင်နွေ ဦး၊ မင့်အတွက် ရန်ကုန်ကျမ်းစာကျောင်းက စာရောက်နေတယ်၊ ဒါပေမဲ့ ငါတော့ဖြင့် စိတ်မကောင်းဘူး အဲ့ဒါမင့်ကြောင့်ပဲလေ"
ခရီးရောက်မဆိုက်ဆိုလာသော ဆရာမ ခင်သီတာ ဦး၏ စကားအားသူရင်ဆိုင်လိုက်ရသည်က နေပူကလာသူကို ရင်ဝတည့်တည့် ကန်ထည့်လိုက်ခြင်းနှင့်တူလှပေသည်။ သို့တိုင်အောင် အကောင်းအားဖြင့် အဆိုးကို အနိုင်ယူလော ဆိုသော ရောမ ၁၂း၂၁ က သူ၏ အသက်တာ၌ အခြေတကျဖြစ်နေသည်မို့ သူ၏ ကိုယ်ရေးကိုယ်တာ ခံစားချက်ကို အသာမေ့ပျောက်ခံစားရင်း ဖာသိဖာသာ အိမ်အတွင်းသို့လှမ်းဝင်လိုက်ည်။
" ကျွန်တော်ဖတ်ကြည့် ဦးမယ် ဆရာမ "
" ရော့. ရော့ ဒီမှာလေ"
သူစာအား အစမှအဆုံးတိုင်သေသေချာဖတ်ကြည့်လိုက်တော့ အထူးသဖြင့် ပယ်စာ၏ တရားခံမှာ အထူးအထွေမဟုတ် အတန်းပညာရေးကြောင့်ပင်ဖြစ်လေသည်၊ စာမှာ အောက်ပါအတိုင်းပင်ဖြစ်သည် ' ပညာရေးတွင် ကျောင်းမှ သတ်မှတ်ထားသည့် အတိုင်းမပြည့်စုံသဖြင့်၊ စာအခက်အခဲကို တွေ့ကြုံစေနိုင်သောကြောင့်၊ ဆရာမပို့ပေးလိုက်သော လျှောက်လွှာရှင်အား ပယ်လိုက်ရခြင်း ဖြစ်ပါသဖြင့်၊ နားလည်ပေးပါရန် တောင်ဆိုအပ်ပါသည်' ဆိုသော အရာသာဖြစ်သည်။ သူဝမ်းနည်းမနေတော့ပါ ခရစ်တော်အား သက်ဝင်ယုံကြည်လာသောသူအတွက် ဤလောကတွင် အဓိက ဧကန်အကန် အသက်ရှင်ရခြင်းက အများအတွက် ဘုရားအတွက်ဆိုသော သာသနာ့ ပန်းတိုင်ကို သူဆယ်တန်းမတက်ခဲ့သော်လည်း ဤအရာဖြင့် သူလက်မလွတ်ရသေးပါ ဆက်လက်၍ အစေခံနိုင်သေးသည် မဟုတ်ပါလား။
" ဘာမှ စိတ်မကောင်းမဖြစ်ပါနှင့် ဆရာမ ကျွန်တော် ဘုရားအတွက် အစေခံမြဲခံနေမှာပါဗျာ"
" ဒါကြောင့် မင့်ကို ဆရာမက ဆယ်တန်းလို့ ရေးပြီးဖြည့်လိုက်ဖို့ ပြောတာပေါ့ကွယ်၊ တကယ်တော့ မင့်က ဆယ်တန်း မအောင်ခဲ့ပေမဲ့ ဆယ်တန်းသမားတွေလို တန်းတူညီမျှ တော်တတ်နေတာ အမှန်တော့ ဆရာမ စေတနာကို မင့်နားလည်ရန်တော့ သင့်တယ်ကွယ်"
" ဆယ်တန်းနှင့် တန်းတူကျွန်တော် တော်ကောင်းတော်ပေမဲ့ ဆယ်တန်း မအောင်တာကတော့ မအောင်တာပါပဲဆရာမရယ်၊ အကယ်၍ ဘုရားရှင်က အကြံအစည်တော်ရှိလျှင်တော့ ကျွန်တော် တနေ့မှာ ဆရာမ မျှော်မှန်းသလို ဖြစ်လာရမှာပါဆရာမ"
စေတနာကို သူနားလည်ပါသည်၊ သို့သော်လည်း ဟုတ်သည်ကို အဟုတ် မဟုတ်သည်ကို မဟုတ်ဆိုသော သခင့်စကားက သူ့ကိုအမြဲ သတိပေး လမ်းပြနေခြင်းအကြားမှာ သူဘယ်လိုမှ ' မုသားမပါ လင်္ကာမချော'ဆိုသော လောက၏ လှည့်ကွက် မာယာတွင် မသက်ဆင်းလိုပါ၊ ထို့ကြောင့်လည်း ဆယ်တန်းအောင်မှသာ လက်ခံသော ဓမ္မပညာကျောင်း၏ လျှောက်လွှာတွင် ' ရွာ ဦးကျောင်း ပညာရေး' ထွက်ဟု ရေးပြီးပို့လိုက်ခြင်းပါ။ စိတ်မကောင်း ဖြစ်နေသော ဆရာမအား သူတောင်းပန်စကားဆိုရင်း နေ့ခင်းပိုင်းတွင် အိမ်တွင် ဆုတောင်းရင်း ရွာဘက်သို့ ခေတ္တသွား၍ ညနေခင်းတွင် အလုပ်ခွင်ရှိရာ ပဲခင်းရှိရာ သို့ ထွက်လာခဲ့သည်။ အခင်းရောက်တော့ နှင်းအောင်က နေပူမှာ သူလှန်းထားသော ပြောင်စားများအား စုသိမ်းကာ သိမ်းဆည်းနေသည်ကို တွေ့ရသည်၊ အတူတူ ဘိုးတူဘောင်ဘက် ဓမ္မပညာသင်ယူဆည်းပူးမည်ဆိုသော ရည်မှန်းချက်ဖြင့် သူနှင့် နှင်းအောင် ကျားကုတ်ကျားခဲ အားခဲလုပ်ဆောင်နေ၍ စုဆောင်းရှာဖွေခဲ့သော ငွေသည် ယခုတော့ ဘယ်မှာ သွားသုံးတော့မည်နည်း၊ နောက်ပြီး သူ့ထက်ငယ်ကာ ဝမ်းမြော်ကဝမ်းသာဖြင့် ဖြစ်နေသော နှင်းအောင်အား သူဘယ်လိုရှင်းပြရတော့မလဲ၊ စ ဥ်းစားကာမှ ရင်မှာ အောင့်သက်သက် တက်လာသည့် စို့နစ်နေသည့် ခံစားချက်က ဘာနှင့်မှ နှိုင်းမရအောင် နာကျင်လှသည်။
ØØØØ ØØØØ ØØØØ ØØØØ
သူနှင်းအောင် အနားသို့ချ ဥ်းကပ်သွားတော့ နှင်းအောင်က သူ့အား ပြောင်စာများကို စုစည်းနေရင် မော့ကြည့်သည်။ ဘာပဲဖြစ်ဖြစ် သူဖွင့်ပြောရန် ဆုံးဖြတ်လိုက်သည်။
" ညီလေး ငါတို့ အတွက် ကျောင်းက ပယ်စာရောက်လာတယ်ကွ"
"ဗျာ၊ ပယ်စာ ဘယ်လိုဖြစ်တာလဲအကိုရာ"
"ဟုတ်တယ် ညီလေး အဓိကကတော့ ပညာရေးပေါ့ကွာ၊ ဒါတွေထားလိုက်ပါတော့ကွာ အခုငါ့ညီအနေနှင့်ဘာမှ စိတ်ပျက်စရာမလိုပါဘူး ဘုရားရှင်က အကောင်းဆုံးဆိုတာကို ငါတို့ထက်ပါသိပါတယ် ညီလေးရာ"
" ဟုတ်တော့ ဟုတ်ပါတယ် အကိုရာ၊ ဒါပေမဲ့ညီလေးတွေးတာက အခုအလုပ်လုပ်တာက ဓမ္မပညာသင်ကြားရေးအတွက်ဆိုပြီး ရှာတာ အခု ကျောင်းတက်ရန် အခွင့်မရှိတော့ရင်တော့ ဘာလုပ်တော့မှာလည်း အကိုရာ အလုပ်မလုပ်တော့ဘူး"
" ဒါဖြင့်ညီလေးက ဘယ်လိုဖြစ်စေချင်တာလည်း အကို့ကိုပြောကွာ အေးအတူပူအမျ လုပ်ကြတာပေါ့"
သူ့အမေးစကား အဆုံးမှာတော့ နှင်းအောင်က တိတ်ဆိတ်သွားပြီး ဘာကိုလုပ်ရမည်ဆိုသည်ကို သေသေချာချာ တွေးတောနေသည်၊ သူ့အနေနှင့်လည်း စ ဥ်းစား၍ကား တော်တော်နှင့် မရသောကြောင့်၊ ရင်တွင်းဝယ် အမျိုးအမည်မသိသော ဝေဒနာနှင့် အတူ ကိုးစားခြင်းဆိုင်ရာအတွက် သင်ခန်းစာအဖြစ်မြင်နေမိသည်။ ယုံကြည်ကိုးစာခြင်းဆိုသည်ကား အပြောလွယ်သော်လည်း လက်တွေ့တွင်ကား ထင်သလိုဖြစ်မလာသော အခါ လူဖြစ်သည့်အတိုင်းဝေဝါးစရာတွေကြုံရသော အခါ အဘယ်သို့သော နည်းဖြင့် တုံ့ပြန်မည်ဆိုသည်ကား ကိုယ်တွေ့ရင်ဆိုင်နေရပေပြီ။
"ဒီလိုကွာညီလေး အခု့အကိုတို့က ဒီမှာငွေရှာခြင်းက ကျောင်းတက်ဖို့ဖြစ်တော့ ကျောင်းမတက်ရတော့မှာချင်းအတူတူ ဒီငွေ ကျပ် ၁၅ဝဝဝိ ကျော်ကျော်တွေကို ကိုယ်ကျိုးအတွက် မသုံးချင်ဘူး၊ ဒီတော့ ဒီငွေတွေနှင့် ဧဝံဂေလိလှည့်လိုက်ကြမယ်ကွာ၊ ငါ့ညီသဘောက ဘယ်လိုလည်း"
အမှန်တော့ သူတပါး၏ ငွေကိုသုံးပြီး ဓမ္မပညာသင်ကျောင်းကို မသွားလိုသောကြောင့် အနည်းဆုံး သုံးလေးလအတွင်း ငွေ ကျပ် ၆ဝဝဝဝိ လောက်ဆိုပါက တနှစ်စာ ကျောင်းစားရိတ်အတွက် လုံလောက်ပြီဟုတွေးဆကာ အလုပ်ကို ကြိုးစားလုပ်ကိုင်ခဲ့ကြခြင်းပါ၊ အခုတော့ ကြိုးစားထားသမျ သဲထဲရေသွန်သလို ဖြစ်ရပေတော့သည်မို့ စိတ်မကောင်းဖြစ်မိနေကြခြင်းပါ။
"အဲ့ဒီအကြံကို ညီလေးလည်း သဘောတူတယ် အတူတူ သွားကြတာပေါ့အကိုရာ ဒါပေမဲ့ ဒီယာခင်းမှာတော့ သုူတို့ပြီးအောင် လုပ်လိုက်ကြရအောင်၊ မဟုတ်ဘူးလား"
သူခေါင်းညိတ်ရင်း အဖြေပေးလိုက်တော့၊ ပျော်ရွှင်နေသော နှင်းအောင်၏ မျက်နှာကလေးက ကလေးသဖွယ် လင်းလက်သွားသည်က တကဲ့အိမ်မှာကျန်ရစ်ခဲ့သော သူ့ညီ နှင်းနှင်းမောင်နှင့် တထေရာတည်းမို့ သူလွမ်းပင်လွမ်းမိသည်။ တကယ်တော့ နှင်းအောင်နှင့် သူက နှစ်စပိုင်းမှစပြီးသိကြချင်းပါ၊ သူကလည်း ခရစ်တော်၏ ဧဝံဂေလိတရားကြောင့် အိမ်မှ လိုင်စင်ရကာ ထွက်လာခဲ့သူဖြစ်ပြီး၊ သူကလည်း အိမ်ကထွက်လာချိန်တွင် ဆရာမတို့အိမ်ကိုအလာ၊ လူလွတ်ဆရာဖြစ်သော ဆရာစောရန်အောင်၏ အိမ်တွင် အတူဆုံဖြစ်ကြရာမှ ၊ ဓမ္မပညာသင်ယူရန် ဆုံးဖြတ်ကြသည့်နောက် ပဲခင်းတွင် အတူတူလာရောက်လုပ်ကိုင်ကြခြင်းမှ၊ အသွေးအသားအားဖြင့် ညီအကိုမတော်သော်လည်း၊ ဘုရား၏ နာမဖြင့် တကဲ့ ညီရင်းအကို သဖွယ် လျှင်မျန်စွာ ချစ်ခင်မိကြသည်က တကယ့် အံ့သြဘွယ် မေတ္တာတရားစစ်သက်သက်သာပါ။ ဘဝတူဖြစ်သည်က တကြောင်း ဆက်ကပ်အပ်နှံခြင်းလည်းတူညီသည်က တကြောင်းမို့ ရက်အနည်းငယ်အတွင်း သွားအတူလာတူဖြစ်ခဲ့ကြသည်။ အထူးသဖြင့် နောင်သာသနာ အတွက်ဆိုသော ပန်းတိုင်တို့က အတိုင်းအဆမဲ့သော ပန်းတိုင်များပင်ဖြစ်သည်။
ØØØØ ØØØØ ØØØØ ØØØØ
အတူတူဆုတောင်းဆက်ကပ်ပြီးသည့်အတို်င်း သူတို့နှစ် ဦးသည် မည်သူ့တ ဦးတယောက်မျှ တိုက်တွန်းခြင်းမရှိပါပဲ၊ မိမိနယ်ဖြစ်သည်ကတကြောင်း၊ ရန်မာန်အန္တရာယ် ကင်းရှင်းသည်က တသွယ်မို့ ကလေးမှစတင်၍ နတ်ချောင်း၊ ရေလည် င်္ဥး၊ တင်သား၊ တိုင်အောင်သွားရောက်ကြပြီး သုံးလေးလ ဟူသောကာလသည် ဘာမျှ မကြာလိုက်ပေ၊ တခါတရံ လယ်ယာထဲတွင် သွားရောက်လုပ်ကိုင်ကြရင်း အားလပ်ချိန်တွင် တရားရေးရာ စပ်မိရာမှ ဧဝံဂေလိတရားအား ဟောပြော ဆွေးနွေး ဖြစ်ကြသည်မှာ တကယ့်ပျော်ရွှင်စရာပင်ဖြစ်သည်။ ထို့နောက် တင်သားမှ ပြန်၍လှည့်ပြန်လာကြရင်း ကလေးအရောက်တွင် ကလေးနေအိမ် သို့မပြန်သေးပဲ၊ ကလေးဝ ၊ မော်လိုက်အထိ ဆက်သွားဖြစ်ကြသည်။ မော်လိုက်တွင် သင်းအုပ်ဆရာ ဦးသိန်းဆွေကလည်း ဖေါ်ဖေါ်ရွေရွေ ဧည့်ဝတ်ကျေပွန်စွာ ကြိုဆိုသောကြောင့် ထက်သည်ထက် ကြာကြာနေဖြစ်သွားသည်။
"ကိုယ့်တူကိုယ့်သားတွေအနေဖြင့် ဆရာမင့်တို့ကိုပြောချင်တာက ကျောင်းကိုတက်ရန် မဖြစ်တော့ပေမဲ့ စိတ်ဓါတ်မကျပါနဲ့ ငါ့အသိမိတ်ဆွေတွေက ရှေ့လမှာ သုံးလသင်တန်းရှိတယ် မင့်တို့တက်မယ်ဆိုရင် ငါတို့ အနေနှင့်လည်း ကူညီပေးမယ်လေ၊ ဘယ်လိုလည်း သွားကြမလား"
ဆရာ ဦးသိန်းဆွေ ပြောသောစကားကို ကြားရတော့ နှလုံးဆီထိ သကဲ့သို့အတိုင်းမသိပျော်သွားသည်၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဓမ္မအမှုတော်ဆောင်ဖြစ်လိုသည် က ဆန္ဒ၏ အဓိက လိုလားတောင့်တချက်ဖြစ်သောကြောင့် ဝမ်းမြောက်ဝမ်းသာစွာ အတည်ပြုလိုက်သည်။ ထိုကျန်ရှိနေသော အချိန်ကလေးများအား မောက်လိုက်မြို့ပေါ်တွင် ဧဝံဂေလိကို တအိမ်တက်ဆင်းသွားရောက်ဝေငှ သက်သေခံကြသည်မှာကလည်း တကယ့်အားစရာကောင်းလှသည်၊ မြစ်ကမ်းပေါ်မှာ တည်ရှိနေသော မော်လိုက်မြို့၏ ရှုခင်းများက တကယ့်ပသာဒရှိလှသည်၊ ကုန်းကျောင်းဖြင့်တတန်၊ ရေလမ်းဖြင့်တနည်း၊ နီးစပ်ရာအသင်းတော်များသို့လည်း သွားရောက်ဖြစ်ကြသည်။ ဒီလိုနှင့် မေလ ကုန်လုလု မုံရွာ သုံးလ သင်တန်းသွားရန် ကျေးဇူးတော်ချီးမွမ်းနှုတ်ဆက်ပွဲလုပ်ဖြစ်သည့်အချိန်တွင်ကား။
" အစည်းအဝေးကို အဆုံးသတ်ရန်အတွက် ကျွန်တော်တို့ ဆရာလေး နှင်းအောင်က အဆုံးသတ်ဆုတောင်းပေးပါလိမ့်မယ်"
" ဆုတောင်းကြရအောင်"
နှင်းအောင်က ဆုတောင်းအပြီး အားလုံးက အာမင်ခေါ်စဥ်
" ဆရာအပြင်မှာ ဧည့်သည်ဆရာတွေ ရောက်နေတယ်ဆရာ၊ ကလေးမြို့ကလို့ပြောတယ် "
" အထဲကိုခေါ်လိုက်လေ၊ ဒီမှာ တခါတည်း စကားပြောကြတာပေါ့် လာကြပါဆရာ.လာကြပါ"
ဆရာ ဦးသိန်းဆွေ၏ ခေါ်သံနှင့်အတူ ဝင်လာတဲ့ဆရာတွေကို ကြည့်လိုက်တော့ ဆရာ သက်နွယ်နှင့် ဆရာ ဦးသောင်းမြင့်တို့ဖြစ်နေသည်။တလက်စတည်း လဘက်ရည်နှင့် မုန် ့အတွက် သူက ဆုတောင်းပေးလိုက်ပြီး လဘက်ရည်ဝိုင်းတွင် စကားစမြည်ပြောလိုက်ကြသည်။
" အော်၊ ဒါနဲ့ ဆရာတို့က ဘယ်လိုအရေးပေါ်များရှိနေပါသလဲ၊ ကျွန်တော်တို့ ဘာများကူညီပေးနိုင်မလဲသိပါရစေ"
" တခြားတော့ မဟုတ်ပါဘူးဆရာ ကျွန်တော်တို့ လာရခြင်းက၊ အခုဒီမှာ ရှိနေတဲ့ မောင်နွေ ဦးနှင့် မောင်နှင်းအောင်တို့ကို ဓမ္မပညာသင်ကျောင်းက ပြန်ပြီး ခေါ်စာပို့တဲ့ အတွက် လိုက်ရှာ စုံစမ်းရင်း နောက်ဆုံးမှာ မောက်လိုက်ကို သွားတယ်လို့ သတင်းကြားလို့ လိုက်လာခေါ်တာပါဆရာ"
သူအံ့သြခြင်းတွေ ဖြစ်ရသလို မျက်နှာလည်းပူမိသည်၊ မနက်ဖြန် မုံရွာသင်တန်းသွားရတော့မည်၊ အကယ်၍ ယနေ့ညမရောက်ကြပဲ မနက်ဖြန်နံက်ပိုင်းမှာသာ ရောက်လာပါက အားလုံးတေ့လွဲလွဲကြပေမည်၊ သို့သော် အရင့်အရင်ကတော့ တိုက်ဆိုင်မှုဟူသည် ယုံကြည်ခဲ့သော်ငြားလည်း ယခုမူကား ဘုရားရှင်၌ တိုက်ဆိုင်မှုဟူသည် မရှိနိုင်ပေ အားလုံးက အချိန်နှင့် အညီပြုတော်မူသော ဘုရားရှင်အလိုတော်အတိုင်း သူပြုမူနာခံရန် ဆုံးဖြတ်လိုက်သည်။
" ဒါဖြင့် ကျောင်းက ကျွန်တော်တို့ကို ဘာ့ကြောင့် ပြန်ခေါ်တာလည်း ပြောပါ ဦး ဆရာသက်နွယ်"
"အေး ဒို့လည်းမင်းတို့လိုပါပဲ ဒီကိစ္စကို တော်တော်လေး အံ့သြရတယ်ကွာ၊ သူတို့ရဲ့ ပြန်ကြားစာအရတော့ မင့်တို့ကို ပယ်စာပို့ပြီးတဲ့နောက်ပိုင်း ကော်မတီတွေလည်း မပျော်ကြဘူးဆိုပဲ၊ ဒါ့ကြောင့် နောက်ဆုံးမှာ မင့်တို့ကို အမြန်ပို့လိုက်ဖို့ စာရောက်လာလို့ ငါတို့လည်းမင့်တို့သွားလာရာ နတ်ချောင်း၊ တင်သား၊ ရေလဲ ဦးပါမကျန် လိုက်စုံစမ်းရင်း နောက်ဆုံးတော့ မင့်တို့ မော်လိုက်မြို့ကိုသွားတယ်ကြားလို့ လိုက်လာရတာပါပဲကွာ"
မော်လိုက်မြို့မှ အသင်းတော်ရှိဆရာ ဦးသိန်းဆွေမှအစ အားလုံးက နားလည်သဘောပေါ်က်ယုံမက ကြည်ဖြူစွာပင် ဓမ္မပညာသင်ကျောင်းသွားရန် တိုက်တွန်းအားပေးကြလေသည်။ သို့ဖြစ်၍ နောက်နေ့မနက်တွင် မုံရွာသို့ခရီးစ ဥ်အစား ကလေးသို့ပြန်လိုက်ရန်ပြင်ဆင်ရလေတော့သည်။
ØØØØ ØØØØ ØØØØ ØØØØ
သူ့အခန်းရှိရာသို့ရောက်သောအခါ အခန်းထောင့်တွင် ဒူးထောက်ဆုတောင်းရန် နေရာယူလိုက်သည်၊ အခြားသူများဝင်မလာရန် တံခါးကိုတော့ သူသေသေချာချာ အတွင်းမှ ချက်ချထားလိုက်သည်။
" ကိုယ်တော်ရယ် ဓမ္မပညာသင်ကျောင်းမှာ တက်ရောက်သင်ကြားရန် အလိုတော်ရှိပါကလည်း၊ ဘာ့ကြောင့် အလုပ်လုပ်နေရာမှာ ဆက်ပြီးလုက်ဆောင်ခွင့် မပေးခဲ့တာလည်း ကိုယ်တော်ရယ်. အခုတော့ လက်ထဲမှာ ငွေလက်ကျန်လည်း ကျပ် ၁ဝဝဝိ/ လောက်နဲ့ ကျမ်းစာကျောင်းမှာ ဘယ်လိုမျိုးနဲ့သွားနေရတော့မှာလည်း ကိုယ်တော်ရယ်"
အမှန်လည်းသူ လွန်စွာ စိတ်မကောင်းဖြစ်မိသည်၊ သူအိမ်မှ စထွက်လာသောအချိန်တွင် လူတချို့၏ ပြောနေကြသောစကားကြောင့် သူစိတ်မကောင်းစရာကြုံရာမှ အမှန်ပင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဓမ္မပညာကို သင်ယူရန်ရင်တွင်းမှာ ကြိတ်ပြီးအားထုတ်ခဲ့ခြင်းပါ။ အခု့တော့ ဆွေမရှိ၊ မျိုးမရှိရာ ရန်ကုန်မြို့ကြီးမှာ သူဘယ်လိုကျောင်းသွားတက်ရတော့မှာလည်း၊ လုံးဝကိုစ ဥ်းစားမရသလို အားငယ်စိတ်တွေက ရင်တွင်းမှာ လှိုမ့်ဝင်ရောက်လာသည်။ အထူးသဖြင့် သူသည် ယေရှုခရစ်တော် ဘုရားကိုယုံကြည်ကိုးစားခြင်းက အခွင့်အရေး၊ နေရာ စသော အရာတွေအတွက် မဟုတ် စစ်မှန်စွာဖြင့် ကိုးကွယ်ထိုက်သော ဘုရားဖြင်းခြင်း၊ ကယ်တင်သောအရှင်ဖြစ်ခြင်း၊ နောက် ယနေ့၊ မနေ့၊ နောင်ကာလ ပြောင်းလဲခြင်းမရှိသော ဘုရားရဲ့ ဂုဏ်အင်္ဂါတော်တွေကြောင့် ကိုးကွယ်ဆည်းကပ်ခဲ့ခြင်းပါ။
လောကမှာ ပွဲစားအမျိုးမျိုးရှိကြသည်တွင် သူ့အားလည်း ဘုရားပွဲစားအသွင် မေးငေါ့အထင်သေးခြင်းစသော ကဲ့ရဲ့ခြင်းကို သူမကြောက်တမ်းရင်ဆိုင်ရဲပေမဲ့၊ သူ၏ ယုံကြည်ခြင်းတရားကိုတော့ဖြင့် လုံးဝသန့်သန့်ကလေးအဖြစ်မြင်စေခြင်သည်။ အခြားအခြားသူမျာကို ထိုသန့်သန့်လေးဖြင့် စစ်မှန်သော ယုံကြည်ခြင်းကို မပြနိုင်သည့်တိုင်အောင် သူနှင့် နီးစပ်ရာ မိဘဆွေမျိုးနှင့် အသိုင်းအဝိုင်းကြားမှာတော့ နာမတော်မြတ်အားဖြင့် ဘုရားဂုဏ်၊ တရားဂုဏ်ကိုသူဆောင်ယူပေးခြင်းခဲ့သူပါ။ ယခု့တော့ သူတပါးငွေဖြင့် သွားရတော့မည့်ခရီးစ ဥ်၊ နောက် ရန်ကုန်ရောက်ပြီးနောက် တနှစ်တာအတွက် မည်သို့မည်ပုံ ဆက်ရမည်ကိုသူအတွက် မရေရာတော့ပါပေ။ စစ်မှန်သော ဘုရားသားသမီးအတွက် တိုက်ဆိုင်ခြင်းဟူသည် မရှိ၊ အကြံတော်ကြောင့်သာဖြစ်ရသည်ကို သူကောင်းစွာယုံကြည်သည့်အားလျှော်စွာ အဆုံးတွင် ရှေ့ဆက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
"ဒေါက်.ဒေါက်.ဒေါက်"
" အကို့ တံခါးဖွင့်ပေးပါ ဦး"
တံခါးခေါက်သံနှင့်အတူ ပေါ်ထွက်လာသော နှင်းအောင်၏ အသံကြောင့် သူတံခါးထဖွင့်လိုက်စ ဥ်၊ နှင်းအောင်က သူ့အားစူးစမ်းသောအကြည့်ဖြင့်ကြည့်သည်။ နောက် မအောင့်နိုင်တော့သည့် အသွင်ဖြင့် သူ၏သိချင်စိတ်အား မေးလေတော့သည်။
" အကို. ဘယ်လိုသဘောရလည်း၊ ရနု်ကုန်သွားဖို့အစီအစဥ်က"
" အမှန်အတိုင်းပြောရရင်တော့ သိပ်ပြီးတော့ စိတ်မပါဘူး၊ ဒါပေမဲ့ ဘုရားရဲ့အတွင်းလူအဖြစ် ဆက်ကပ်ပေးလှုထားပြီးမှတော့ နောက်ပြန်မဆုတ်ချင်ဘူး၊ အထူးသဖြင့် ' ငါသည် သင်တို့အကျိုးနည်းစေခြင်းငှါ ဘယ်သောအခါမျမှ မပြု' ဆိူတဲ့ ကတိစကားကို တော့ ငါလုံးဝ သံသယမရှိယုံကြည်တယ်"
" ဒါဆိုဘာလိုသေးလည်း အကိုရာ၊ ကျွန်တော်က အကို့အတွက်ပဲ တွေးပူနေတာ ' အလိုတော်ရှိရာ ပြုတော်မူပါ' ဆိုတဲ့ ဓမ္မသီချင်းအတိုင်း ဆင်ကောင်ကြီး အမြည်းကျမှ ထက်မနေပါနဲ့တော့၊ ဘုရားက သွားဆိုရင် သွားလိုက်ယုံပါပဲ၊ နောင်ခါလာ နောင်ခါစျေးပေါ့အကိုရာ"
" အေးပါကွာ. မနက်ဖြန်ငါတို့ ကလေးကို အတူလိုက်သွားကြပြီး၊ ရန်ကုန်မှာ ဘုရားထားရင်စံ၊ ဘုရားခွင့်ပြုရင်လည်း ခံပေါ့မဟုတ်ဘူးလား"
ဟု သူအဖြေပေးလိုက်ရင်း အတူတူ ရယ်မောမိကြသည်၊ ထို့နောက်တွင် မနက်တွင် ကလေးသို့ ပြန်ရတော့မည်မို့ စောစီးစွာ အိပ်ရာဝင်လိုက်ကြတော့သည့် အချိန်ကာ ည ၁၁း၃၀ မီးနစ်အချိန်ပင်ဖြစ်သည်။
ØØØØ ØØØØ ØØØØ ØØØØ
တရိပ်ရိပ်ထင်ကျန်နေခဲ့သော ကလေးလမ်းမ ဘေးဝဲယာမှ ကုက္ကိုလ်ပင်ကြီးတွေက သူ့အား နှုတ်ဆက်နေသယောင်ယောင်ပင်၊ နောက် သာယာရှုမောဖွယ်သော လယ်ယာကွက်များနှင့် မှိုင်းညိုညို့တောင်တန်းကြီးများက ဝေး၍ဝေး၍ နောက်မှာကျန်ရစ်ခဲ့ကာ၊ ကားကြီးဝင်းမှ စတင်ထွက်ခွါလာသော ' ချင်းတောင်တန်း' ကားက ကလေးမှ ကလေးဝ၊ ကလေးဝမှ မုံရွာ၊ မုံရွာမှ မန္တလေး၊ မန္တလေးမှ တဆင့် ရန်ကုန်သို့ ရထားပြောင်းစီးကာ ထွက်ခွါလာသည့် တလျှေက် မိဘများအား တဖန်ပြန်လည်၍ တွေ့နိုင်ခွင့် ရှိပါ ဦးမည်လား ဆိုသောအတွေး၊ နောက်ပြီး မိဘဆွေမျိုးတွေအား ဧဝံဂေလိတရာအား ပြန်၍ပြောပြဝေငှနိုင်ခွင့်သည် မရေရာမသေချာတော့ ၊ ဤအခွင့်အရေးကား ဘုရားမှတပါး အခြားသူမသိနိုင်တော့ပေ.
"နွေ ဦး ရန်ကုန်ရောက်ပြီ ထတော့"
ခရီးစ ဥ်မှာ အဖေါ်အဖြစ်ခရီးသင့်သော ဦးပါးရ်လျှံက သူ့အား နှိုးသလို၊ ဆူညံပွက်လောရိုက်နေသော ခရီးသည်များ၏ အတက်အဆင်းအသံများ၊ နောက် ခရီးသည်ရှာဖွေနေကြသော သူတို့၏ အသံများကြောင့် သူအိပ်ပျော်နေရာမှ နိုးသွားသည်၊ ကြည့်လိုကတော့ ' အားပါးပါး. ရန်ကုန်ဆိုတာ ထက်ထားတာထက် ပိုပြီးစည်ကားနေပါရော့လား'၊ သူအရာအားလုံးကို ခေတ္တမေ့မျောသွားသည်ထင်ရဲ့.
" ဟာကောင်လေး ထလေကွာ ငါတို့ နောက်ကျနေလိမ့်မယ်၊ နောက်ပြီးမင့်တို့နေရာကိုလည်း လိုက်ပို့ရ ဦးမယ်၊ ထ.ထ"
" အကိုကလည်း ထတော့လေဗျာ ခရီးသည်တွေတောင် ဆင်းကုန်ကျပြီ၊ ကျွန်တော်တို့ပဲကျန်တော့တာ"
ဦးပါရ်လျှံနှင့် ညီလေးနှင်းအောင်စကားကို
'အေး.အေး'
ဟု အသာပြန်ဖြေရင် သူရှက်ရှက်ဖြင့် ထလိုက်ပြီး၊ အပေါက်ရှိရာသို့ လိုက်သွားလိုက်သည်။
" ဘယ်ကိုသွားမှာလဲ ကားရှိတယ်"
ကားဆရာတွေလည်းရှင်းသွားသည့်နေရာမှာ ၊ အကြောင်းအားလျှော်စွာ ကားဆရာတ ဦးက လာမေးသည်၊ ထိုကားဆရာက ဦးပါရ်လျှံကိုတွေ့တော့၊ မျက်နှာဝင်းလက်သွားပြီး သူတို့ဆီသို့ ဦးတည်လာလေသည်။
" ဦးလေး လာလေ အရင်တိုင်းပဲ သွားမှာမို့လား"
" အေးဟုတ်တယ်၊ ဒါပေမဲ့ သူတို့ကိုလည်း ဝင်ပြီးပို့ပေးရ ဦးမယ်၊ ဟို. နွေ ဦးမင့်တို့နေရာက ဘာတဲ့"
သူအိတ်တွင်းမှ လိပ်စာစာအုပ်အား ကပြာကယာနှုတ်ထုက်လိုက်ရင်း၊ လိပ်စာကိုထိုးပေးလိုက်သည်၊
" အမှတ် ၁၂/ ( အပေါ်ဆုံးထပ်) ရှင်စောပုဘုရားလမ်း၊ စမ်းချောင်း၊ မြေနီကုန်းမှတ်တိုင်၊ ဖြစ်တယ်မဟုတ်လား"
" ဖြစ်ပါတယ် ဦးလေးရာ၊ ဦးလေးက ကျွန်တော့ဖေါက်သည်ကြီးပဲ ၊လုပ်ပေးရမှာပေါ့"
ကားသမားနှင့် အပြန်အလှန် စကားပြောဆိုပြီးနောက် သူတို့ ကားပေါ်တက်လိုက်ကြသည်၊ ထို့နောက် ကားမူတတ်သောသူအတွက် ရန်ကုန်မြို့ကြီး၏ အလှအပများကို ကြည်ရန်အစွမ်းမရှိပါလေတော့၊ တရိပ်ရိပ်ပြေးနေသောကားနှင့်အတူ သူ့ရင်ထဲမှာကလည်း တရိပ်ရိပ်နှင့် မူးဝေလာကာ၊ ကားတံခါးကို အသာဖွင့်ပြီး အန်ချလိုက်တော့သည်။
ØØØØ ØØØØ ØØØØ ØØØØ
ကျောင်းရောက်သည်နှင့် ပြဿနာများက အစ ဥ်သင့်စောင့်နေပါတော့သည်။ ပြဿနာမည်မျပင်ကြီးကြီး အသက်ရှင်တော်မူသော ဘုရားက အရာရာကို ထိန်းချုပ် ထားသည်ကိုတော့ ပြဿနာများအကြားမ သူသာ၍သိလာရသည်က တကယ်တကယ် ဘာနှင့်မျ အဖိုးဖြတ်၍မရနိုင်သော ပညာရတနာများပင်ဖြစ်လေတော့သည်။ ဆိုပါစို့ ဖြစ်ရသမျ ပြဿနာကလေးတွေက ဟာသဖြစ်ရသလို၊ သင်္ခန်းစာလည်း ဖြစ်ရလေသည်၊ ထိုအရာကတော့ လုံးဝမေ့ပျောက်နိုင်စွမ်းရှိမည်မဟုတ်ပါလေ။
" ကဲ့. မင့်တို့အားလုံး ကျောင်းဝင်ကြေး ကျပ် ၁ဝဝဝိ/ စီသွင်းရမည်၊ ကဲ့ နွေ ဦးနှင့် နှင်းအောင် ဘယ်လိုလည်း"
" ဆရာရယ် ယုံကြည်ခြင်းကို အမှီပြုပြီးလာခဲကြတော့ ကျွန်တော်တို့မှာ အခု စုစုပေါင်းမှ ကျပ် ၂၃ဝဝိ/ သာရှိတော့ပါတယ်ဆရာကြီး.အဲ့ဒါ "
" ငါတို့ကလည်း ယုံကြည်ခြင်းနှင့် စရတာပါ၊ နောက်ပြီးမင့်တို့ယုံကြည်ခြင်းကြောင့် သူတပါးကို ဘယ်တော့မှ ဒုက္ခမဖြစ်စေနှင့်နော်. အခုတော့ ကျောင်းဝင်ကြေးအတွက် ထည့်လိုက်ပါ"
ကျောင်းဝင်ကြေးငွေ ကျပ် ၂ဝဝဝိ/ ကိုသွင်းပြီးတော့၊ အခက်အခဲက မငြိမ်းသေးပါ၊ ကျောင်းသားဆောင်ရောက်သည်နှင့်.
" ကဲ. ကျောင်းသားသစ်များအားလုံး ကိုယ်ပန်းကန်၊ ကိုယ်ဇွန်း၊ ကိုယ့်ခွက် ကိုသွားဝယ်ကြပါ မနက်ဖြန်ကစပြီး ကျောင်းက ပန်းဂံ ခွက်ယောက်တွေကို သိမ်းတော့မယ်၊ အားလုံးကြားတယ်နော်"
ကျောင်းသားခေါင်းဆောင်ရဲ့ စကားအဆုံးမှာ သူတို့လည်း လယ်လယ်ဝယ်ဝယ်ရှိသော တမူးမှ ကျောင်းသားတချို့နှင့် စမ်းချောင်းနှင့် အနီးဆုံး ကြည့်မြင့်တိုင် ညစျေးသို့ ထွက်လာခဲ့သည်၊ ကျောင်းသားတွေက သူတို့လိုအပ်သော ပစ္စည်းပစ္စယများကို ဝယ်ကာတပွေ့တပိုက်ဖြင့် ပြန်သွားကြသော်လည်း၊ သူနှင့် နှင်းအောင်မှာ မပြန်နိုင်သေးပါ၊ သူနှင့် အတူပါလာတဲ့ တမူးမှ သူငယ်ချင်းက စကားဆိုလာသည်၊
" နွေ ဦး မင့်တို့ဘာမှ မဝယ်သေးဘူးလားကွ ငါတော့ ပြန်တော့မယ်"
" အေးပါကွာ ငါတို့လမ်းတော့ မမှားလောက်ပါဘူး ငါတို့နောက်မှ အေးအေးဆေးဆေးပြန်လာခဲ့မယ်၊ ကျေးဇူးပါပဲကွာ"
အမှန်တော့ လက်ထဲမှာ လက်ကျန်ငွေ က ကျပ် ၃ဝဝိ/ ကျော်ကျော်သာမို့ ဘယ်လိုမှ မလုပ်ရဲ မကိုင်ရဲအောင်ဖြစ်နေသည်။ နောက်ဆုံးသော သူနှင့် နှင်းအောင် ကြည့်မြင်တိုင်ညစျေးအား အကြိမ်ကြိမ်ပါတ်ပြီးသောအခါ နောက်ဆုံး အရဲစွန့်၍မေးလိုက်သည်။
" အဒေါ် ဒီပန်းကန်တွေက ဘယ်လောက်လဲဗျာ"
" ဒါက ကျပ် ၃ဝဝိ/ ဟောဒီပန်းကန်က ၂၅၀ိ/ ပါ ငါ့တူ ဘယ်ဟာကိုယူမှာလည်းကွယ်"
စျေးသည် အဒေါ်ကြီး၏ စကားအား သူပြုံး၍ ' မဝယ်သေးပါဘူး အဒေါ်'ဟူ၍ဖြေကာ လှည့်ထွက်လာလိုက်တော့သည် နောက်ထပ်လည်း မမေးရဲတော့။ မေးရန်လည်း ငွေအင်အားက မရှိသောကြောင့်ပင်ဖြစ်သည်။
" အကိုရာ ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်တော့မှလည်း နောက်ကျောင်းနောက်ကျရင် ဒါဏ်တပ်ခံနေရ ဦးမယ် အကိုရာ"
အမှန်တော့လည်း ဟုတ်နေသည်၊ မဝယ်၍ကလည်းမဖြစ်၊ ဝယ်ရန်ကလည်း ငွေအင်အားက မနိုင်သည့် အခြေမို့ ရှက်တဲ့စိတ်တွေကို နောက်မှာ ချပ်လှန်လိုက်ရန် ဆုံးဖြတ်လိုက်ကာ နောက်ဆုံးတော့ မထူးတော့ပြီမို၊ ညစျေးအပေါက်ဝမှာ ခင်းကျင်းပြသထားသော စျေးသည် အမကြီးနားသို့သွားကာ စျေးမေးလိုက်တော့သည်။
" အမ ကော်ပန်းကန်တွေက ဘယ်လိုရောင်းသလဲဗျာ"
" ဒါက တချပ်ကို အစိတ်ကျပါတယ်၊ ဒီကြွေပန်းကန်တွေကတော့ ကျပ် ၃ဝဝိ/ ပါ မောင်လေး"
မထူးတော့ပြီလေ၊ သူ့ဆန်စားရဲရပေတော့မည်၊ ဒါက ခေတ်စကား ဝိညာ ဥ်စကားနှင့် ပြောရပါက ဆက်ကပ်ပြီးမှတော့ မထူးတော့ပေပြီ၊ သေသေကြေကြေ ဆက်ကပ်လိုက်ပြီးမှတော့ အလိုတော်ရှိရင် အရာရာကိုရင်ဆိုင်ရန် သူအသင့်ရှိရန်သာ သူသန္နိဌာန်ချလိုက်တော့သည်။ တွက်ရေးကလည်း စစ်သူဌေးဖြစ်ရမည်၊ လက်တွေ့မှာကလည်း အင်အားမျှတရမည့် တွက်ချေကိုကိုက်ရန် လွန်စွာအရေးကြီးနေပေသည်။
" တချပ် အစိတ်၊ ညီမျခြင်း နှစ်ချပ်အတွက် ၅၀ိ/ ခွက်နှစ်လုံး ၅၀ိ/"
စိတ်တွက်ဖြင့်တွက်ချက်ကာ သူဝယ်ယူလိုက်သည်၊ နောက်ဆုံး ဇွန်းအတွက်တော့ ကော်မဖြစ်နိုင်တော့သည့်အဆုံး စတီးဇွန်း ၃၀ိ/တန် နှစ်ချောင်းဝယ်ယူလိုက်သည်။ သူဝယ်ယူနေသည်ကို နှင်းအောင်က သဘောကျသည် မကျသည်ကိုလည်းမပြော၊ ဘေးမှအသာလိုက်ကာကြည့်နေသည်၊ နောက်ဆုံးမှာတော့ အားလုံးဝယ်ယူပြီးစီးသောအခါ သူနှင့် နှင်းအောင် ကြည့်မြင့်တိုင်ညစျေးမှ ထွက်လာခဲ့တော့သည်။ လက်ကျန်ငွေကလေးဖြင့် ' မြန်မာ့စက္ကူနှင့် ပုံနှိပ်ထုတ်ဝေးရေးမှ ထုတ်ဝေသည်' ဆိုသော စာအုပ်ကလေးများအားမြင်ယောင်ကာနေမိသည်။ နောက်တနေ့တွင် ကျောင်းသူ/သားများ အားလုံးထမင်းဝိုင်းတွင် အတူတူထိုင်၍ဝိုင်းကြတော့ ကျောင်းသား/သူများအားလုံးရဲ့အကြည့်က သူတို့၏ ပန်းကန်များသို့သာ အကြည့်ရောက်နေကြတော့သည်။ သူသည်လည်း ရှေ့မျက်နှာနောက်ထား၍ မထူးတော့ပြီမို့ အားလုံးကို ရဲရဲရင့်ရင့်သာရင်ဆိုင်လိုက်တော့သည်။
" ဟ. နွေ ဦးမင့်တို့ ပန်းကန်က ဘယ်လိုလည်းဟပြောပါ ဦး.တကယ့်အထူးအဆန်းပါပဲ"
"ဟယ်.ဟုတ်ပါ့ နင်တို့ပန်းကန်က ဘယ်လိုဖြစ်တာလည်း"
အားလုံးက တမျိုးပြီးတမျိုးပြောနေကြသည်ကို သူမသိသလို၊ ဘာမှမခံစားသလိုနေလိုက်သည်၊ ရင်တွင်းမှာကား.
" ကိုယ်တော် သားသမီးမကောင်း မိဘခေါင်းတဲ့၊ ကိုယ်တော်ကျွန်တော်အရှက်ကွဲခြင်းက ကိုယ်တော်သာ အရှက်ကွဲခြင်းပါပဲ၊ ဒီလူတွေပြောနေတာကို ကိုယ်တော်ကြားပါတယ်နော်"
ဟူ၍ပင်ရေရွက်နေသည်ကို၊ ဘုရားနှင့် သူသာသိလေတော့သည်။
ØØØØ ØØØØ ØØØØ ØØØØ
အခက်အခဲမြောက်များစွာဖြင့်၊ သူနှင့် နှင်းအောင် ဓမ္မပညာကိုကောင်းစွာ သင်ယူကြသလို ကြုံရသော အခက်အခဲများအားလည်း တရားကိုဖက်တော့ အမျက်ပြေ၊ ဘုရားကိုဖက်တော့ အသက်ရှည်ဆိုသော စကားပုံအတိုင်းသာမက၊ ဘုရားမှ တပါးအခြားအားကိုးရာမရှိဆိုသော စကားအတိုင်း၊ဘုရားကိုသာ၍ ဖက်ယမ်းနေရသည်က၊ သာ၍အခွင့်အရေးကို အဆိုးထဲမှ အကောင်းများကိုရယူနိုင်တတ်ကြလာလေသည်။ ပညာရေးကိုလည်း အခက်အခဲကြုံသောအခါ ယာကုပ် ၁း၅ အားလက်ကိုင်ထားကာ ဆုတောင်းဖက်ယမ်းကာ အထံတော်သို့ တိုးဝင်ခဲ့သည်။ လိုအပ်မှုမှန်သမျကိုလည်း မဿဲ ရးရ ကိုသာအားပြုခဲရသည်မှာ တကယ့်အမှန် ကိုးစားရာကို မြင်တွေ့ခံစားစေသည်။ ကြုံဆုံရင်ဆိုင်ရသော အရာများထဲက အဓိကသင်္ခန်းစာများက 'လူအကြောင်းပေါင်းကြည့်မှသိ' ဆိုသလို၊ ယေရှုခရစ်တော်ဘုရား ကောင်းမကောင်းနှင့် တကယ်အသက်ရှင်ကြောင်း ဟုတ်မဟုတ်သာ၍တိုး၍သိလာရသည်က တကယ့်အမြတ်ပါပေ။ တဖြည်းဖြည်းနှင့် ဓမ္မပညာသင်နှစ်သည် ကုန်ဆုံးချိန်တို့ပင် ရောက်ခဲ့ပေသည်။
" ကဲ. အရင်က ကျောင်းမှာ ဆွေးနွေးခဲ့သည့်အတိုင်း အားလုံးသိသလို ဒီနှစ်မှာ ကျောင်းမှာ ဘွဲ့မယူနိုင်တဲ့သူ လေးယောက်ရှိတယ်"
"ဟာ"
"ဟင်"
"ဘယ်သူတွေလည်းဟင်"
တယောက်တခွန်းဖြင့် ဆူညံသံတွေက ခန်းမတခုလုံးတွင် ပွက်လာညံသွားသည်၊ အများသူငါတွေက ထိုဘွဲ့မရသောသူလေးယောက်တို့တွင် သူလားငါလား ဆိုသော အတွေးတို့က အားလုံးကိုထင်ယောင်ထင်မှားဖြစ်စေသည်။ တနှစ်လုံးကြိုးစားအားခဲထားသမျ မအောင်မြင် မပေါက်မြောက်ပါက ပန်းတိုင်သည်လွဲရပေတော့မည်မို့ အားလုံးက ရင်ထိတ်နေကြသည်၊ အထူးသဖြင့် ထိုအထဲတွင် သူနှင့် နှင်းအောင်လည်း အပါအဝင်ပင်ဖြစ်သည်၊ ထို့ကြောင့်လည်း ဆရာက ဆယ်တန်းသမားများသာ လက်ခံသည်မို့ ထိုအထဲတွင် သူနှင့် နှင်းအောင်သာ ဆယ်တန်းမရောက်ခဲ့ကြလေတော့၊ ဘာလိုလိုနှင့် သူမှတပါး အခြားရှိနိုင်ပါ ဦးမည်လားဟူ၍ပင် အားငယ်စိတ် ဝင်နေမိသည်။
"ကဲအားလုံးကို ဆရာပြောခဲ့ပြီးသည့်အတိုင်း အမှန်တကယ် နှစ်ဘာသာကျသောသူတို့အား စာမေးပွဲဖြေဆိုခွင့်ပြန်ပေးလေ့ရှိသော်လည်း သတ်မှတ်ထားသော အမှတ်မရရှိသူလေးယောက်ကတော့ ဖြင့် ဒီနှစ်ဘွဲ့နှင်းသဘင်မှာ သာမန် ဦးထုပ်မဆောင်းပဲယူရပါလိမ့်မည်။ သာသနာရေးက သာသနာရေး၊ ပညာရေးက ပညာရေးမို့ ဆရာတို့ကျောင်းအနေနှင့် ဟောရှေ ၄း၆ နှင့် ဇာခရိ ၄း၆ ကို ညီညီမျှမျှ လုပ်ရတာပါ"
" ကဲ့ အားလုံးမရှင်းတာရှိရင် မေးကြပါ"
အားလုံးက ကျောင်းအုပ်ဆရာကြီးနှင့် လက်ထောက်ဆရာတို့၏ အမှာစကားအဆုံးမှာတော့ ဘယ်သူမှ ခွန်းတုန့်မပြန်၊ မေးခွန်းမေးသူမရှိတော့ပေ။ သူအပါအဝင် ကျောင်းသား/သူများကတော့ သူ့ကြည့်ကိုယ့်ကြည့်ဖြင့် ကွက်ကြည့်ကွက်ကြည့်ဖြစ်နေကြသည်၊ အကြည့်ဆုံးကတော့ သူနှင့် နှင်းအောင်ကိုပင်ဖြစ်သည်။ အသက်ရှင်တော်မူသော ဘုရားရှင်သည် သူနှင့် နှင်းအောင်အား ကောင်းမွန်စွာ ပညာသင်နှစ် အဆုံးတိုင်အောင်ပို့ဆောင်ပေးခဲ့ပါသည်။ ထိုအခိုက် ဆရာကြီးက နေရာမှ ပြန်ထကာ အားလုံးအား အချက်ပြသောကြောင့် ကျောင်းသား/သူများ အားလုံး ရေနှင့်မီးကိုငြိမ်းလိုက်သလို ငြိမ်သက်သွားကြသည်။
"ဒါဖြင့်. ဆရာ့အနေနှင့် ဒီနှစ်မှာ အထူးသဖြင့် ဝန်ခံစရာနှင့်အတူ ချီးမွမ်းစကားပြောလိုတာရှိပါတယ်၊ အမှန်တော့ အစက မောင်နွေ ဦးနှင့် နှင်းအောင်ကို ဘယ်လိုမှ ထင်မှတ်မထားပါဘူး၊ အကြောင်းအမျိုးမျိုးကြောင့် ပြန်ခေါ်လိုက်တာပါ၊ ဘုရားရှင်က အမှန်လည်း သူ့ကတိတော်အတိုင်း လည်း သူတို့အပေါ်မှာ အံ့ဘွယ်ရာဖြစ်အောင် ပြုခဲ့ပါတယ်၊ သူတို့လို အားလုံးက ကြိုးစားကြရင် ဘွဲ့နှင်းသဘင် မတက်ရောက်နိုင်စရာမရှိပါဘူး"
"ဟာ"
"ဟင်. အို"
" ဖျောင်း.ဖျောင်း.ဖျောင်း. "
"ဟေး ကောင်းတယ်ကွာ ချီးကျူးတယ်ကွ"
မထင်မှတ်သော အသံနှင့်အတူ တယောက်တပေါက် ချီးမွမ်းသံတွေ ဟိုမှ သည်မှပေါ်ထွက်လာသည်၊ သူအနေဖြင့် နောက်ဆုံးဆိုသော အားငယ်ချိန်လေးမှာ မထင်မှတ်ဘဲ ကျောင်းအုပ်ကြီးထံမှ ဂုဏ်ပြုစကားကိုကြားရတော့ မျက်ရည်တို့ပင် မျက်ဝန်းအိမ်တွင် ရစ်သီကာဝေ့တက်လာသည်။ ထိုနေ့က အစည်းအဝေးပင် မည်သို့ပြီးဆုံးခဲ့သည်ကို သူကောင်းစွာသတိမရတော့ပေ၊ အားလုံးက အထင်နှင့်အမြင် သွက်သွက်စင်အောင်လွဲချော်နေခဲ့ပေမဲ့၊ ကြုံဆုံသမျတွေက မျော်လင့်ထင်မှတ်ခဲ့သည်ထက်၊ ကောင်းမွန်နေသောကြောင့် အိမ်မက်အသွင်သာဖြစ်တည်နေတော့သည်။
ØØØØ ØØØØ ØØØØ ØØØØ
အားလုံးသော ကျောင်းသူ/သားများတို့သည် ကျောင်းမှပျော်ရွှင်စွာ ထွက်ခွါရန် ပြင်ဆင်နေကြသည်။ အလှပဆုံးသော ဝတ်စုံ အကောင်းဆုံးသော ပြင်ဆင်မှုများဖြင့် ကြည့်၍အလွန်တင့်တယ်လှပနေသည်။ သူနှင့် နှင်းအောင်သာ ရှိသော အကျင်္ီကလေးကို ကောင်းမွန်စွာ မီးပူတိုက်ရင် ဝတ်ဆင်လိုက်သည်။အတူတူပြင်ဆင်နေသည့်အချိန် ဘေးမှ သူငယ်ချင်းဖြစ်သူ ပေါင်လိုလျှံက သူတို့အားမေးငေါ့ကာစကားဆိုသည်။
" ဘယ်လိုသွားမှာလည်း နွေ ဦး"
" ကျောင်းကစီစဥ်ပေးတဲ့ ကားနဲ့ပဲသွားမယ်လေ အကိုကဘယ်လိုစီစ ဥ်ထားလဲ"
" အငှားကား နဲ့သွားမယ်လို့စီစ ဥ်ထားတယ် လိုက်ခဲ့ပါလား"
"ကျေးဇူးပဲအကို ကျွန်တော်တို့ ကျောင်းကားနဲ့ပဲသွားတော့မယ်"
အားလုံးက ကျောင်းက ပြင်ဆင်ပေးသော ကားကိုစောင့်နေကြရင်း၊ မထူးတော့ပြီမို့ မြေနီကုန်းမှတ်တိုင်တွင် သွားစောင့်နေသော ကျောင်းသားတချို့ကို ပြန်သွားခေါ်ရန် ကျောင်းမှ တာဝန်ခံ ဆရာက သေသေချာချာ မှာကြားထားသည်၊ထို့ကြောင့်အချို့ကျောင်းသားကြီးများက သွား၍ခေါ်နေကြသည်။ ကျောင်းမှ စီစ ဥ်ပေးသော ကျောင်းကားရောက်လာသောအခါ အားလုံးသော ကျောင်းသား/သူများက ကားပေါ်တက်ကြရင်း ပျော်ပျော်ရွှင်ရွှင် ပြုံး၍မော်မဆုံးဖြစ်နေကြသည်။ အကြိုကားကြီးက မြေနီကုန်းမှ စတင်၍ ဧမာနွေလ ဘုရားကျောင်းရှိရာသို့ ဦးတည်သွားနေချိန်တွင် အချို့ကျောင်းသားများက ' ကောင်းလှိုင်းများဆောင်ယူ' ဟူသောဓမ္မတေးကိုဧကျူးနေကြသည်။
ဘွဲ့နှင်းသဘင်ခန်းမကိုရောက်ချိန်တွင် အားလုံးက စနစ်တကျပြင်ဆင်ထားသည့်အတိုင်း အားလုံးက အောင်အောင်မြင်မြင်စတင်ဖြစ်သည်။ ဓမ္မတေးသွားများနှင့် အစပြုပြီး ဘွဲ့နှင်းသဘင်တွင် တဆင့်ပြီးတဆင့် အစီအစ ဥ်များပြီးဆုံးသွားခဲ့ရာ ဘွဲ့လက်မှတ်ပေးရန် အချိန်ပင်ကျရောက်လာခဲ့လေသည်၊ ကျောင်းအုပ်ကြီးက ပီပီပြင်ပြင် တယောက်ပြီးတယောက်ခေါ်နေသည်၊ မကြာမှီသူ့အလှည့်ရောက်လာတော့ အောင်မြင်စွာတက်ယူလိုက်သည်။ " မောင်နွေ ဦး အား...... ဆုကိုလက်ခံ၍တက်ယူပါရန် ဖိတ်ခေါ်ပါတယ်" ဘွဲ့လက်မှတ်တက်ယူအပြီး အားလုံကို မိမိနေရာတွင်ထိုင်ရန် အခွင့်ပေးပြီး ဝင်ထိုင်၍မှ မကြာလိုက် မိမိအမည်ကိုခေါ်သံကိုထပ်၍ ကြားတော့ မယုံမရဲဖြစ်နေသည်မို့ ထပ်မသွားဖြစ်ပဲ၊ ချီတုံ့ချီတုံ့ဖြစ်နေသောသူအား နှင်းအောင်က။
"အကိုနာမည်ခေါ်တယ်သွားလိုက်လေ"
"ဘာအတွက်လည်း နှင်းအောင်"
"မသိဘူးအကို သွားတာသွားလိုက်ပါ ဟိုမှာစောင့်နေကြပြီ"
"အေးအေး"
ဟု သူဆိုပြီး စင်မြင့်ပေါ်တက်ကာ ဘုမသိ၊ဘမသိဖြင့် ဆုလက်မှတ်ကို လက်ခံယူလိုက်သည်၊ စင်အောက်သို့ရောက်လေသောအခါမှ မိမိကိုင်ဆောင်ထားသော လက်မှတ်ကလေးအား ပြန်ကြည့်မိတော့ '၁၉၉၉-၂ဝဝဝ ခုနှစ်ပညာရည်ချွန်ဆု' ဟူသော ဖေါင်းကြွစာလုံးလေးက ဝင့်ထယ်စွာ ရှိနေပြီး ' မောင်နွေ ဦး' ဆိုသော မိမိအမည်ကလေးကလည်း ထို့နည်းတူစွာ ထယ်ထယ်ဝါဝါပေါ်လွင်နေသည်မှာကား ကျေးဇူးတပါးမှ တပါးထပ်ဆင့်ခံစားရသော ကောင်းကြီး မင်္ဂလာပင် ဖြစ်လေတော့သည်။
ဓမ္မအဆွေများဘဝအမောပြေ၍ ခိုင့်ခန့်နိုင်ကြပါစေ။
နာမတော်မြတ်၌
Samuel Soe Lwin
နာမတော်မြတ်၌
Samuel Soe Lwin
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...